Connect with us

North America

ဘိုင်ဒန် ပြင်းထန်ဆီးကျိတ်ကင်ဆာဖြစ်ပွားဟု စစ်ဆေးတွေ့ရှိ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ထိုစဉ်က အမေရိကန်သမ္မတ ဘိုင်ဒန်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဘိုင်ဒန်သည် ပြင်းထန်ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အမေရိကန် သမ္မတဟောင်း ဘိုင်ဒန်ရုံးခန်းက မေ ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘိုင်ဒန်၏ ဆီးလမ်းကြောင်းစနစ်၏ ရောဂါလက္ခဏာများသည် လတ်တလောကာလအတွင်း အဆက်မပြတ် ဆိုးရွားပြင်းထန်လာကြောင်း၊ ဆရာဝန်၏ စစ်ဆေးချက်အရ ဆီးကျိတ်တစ်နေရာ၌ အကျိတ်ရှိသည်ဟု ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မေ ၁၆ ရက်တွင် ဘိုင်ဒန်က ဆီးကျိတ်ကင်ဆာဖြစ်ပွားနေသည်ဟု စစ်ဆေးတွေ့ရှိခဲ့ပြီး ကင်ဆာလက္ခဏာသည် အရိုးထိ ပျံ့နှံ့သွားပြီဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ဘိုင်ဒန်ဖြစ်ပွားသည့် ဆီးကျိတ်ကင်ဆာသည် ဟော်မုန်းအပေါ်ထိရောက်စွာ တုံ့ပြန်နိုင်မှုရှိသောကြောင့် ရောဂါအခြေအနေကို ထိရောက်စွာ ထိန်းချုပ်နိုင်ကြောင်း၊ ဘိုင်ဒန်နှင့် ၎င်း၏မိသားစုဝင်များက ဆရာဝန်နှင့်အတူ ကုသရေးနည်းလမ်းများကို အကဲဖြတ်မှု လုပ်ဆောင်နေကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိအမေရိကန်သမ္မတ ထရမ့်ကလည်း ဘိုင်ဒန်၏ ဆေးစစ်ချက်ရလဒ်ကို ကြားသိရပြီး အလွန်ဝမ်းနည်းမိကြောင်း၊ ဘိုင်ဒန် ဆောလျင်စွာ ပြန်လည်ကျန်းမာလာပါစေဟု ၎င်းအနေဖြင့် ဘိုင်ဒန်နှင့် ၎င်း၏မိသားစုဝင်များအပေါ် ဆုမွန်ကောင်းတောင်းပေးကြောင်း မေ ၁၈ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် ၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)

———————-
(Chinese Version)
拜登被诊断患有侵袭性前列腺癌
新华社纽约5月18日电(记者刘亚南)美国前总统拜登办公室18日发表声明说,拜登被诊断患有侵袭性前列腺癌。
根据声明,拜登的泌尿系统症状最近不断加重,经医生检查发现一处前列腺结节。16日,拜登被诊断患有前列腺癌,癌症已扩散至骨头。
声明说,拜登罹患的前列腺癌似乎对激素敏感,可进行有效管理。拜登及其家人正在同医生一起评估治疗方案。
现任美国总统特朗普18日在社交媒体上说,听说了拜登的诊断结果,感到很难过。他向拜登及其家人致以最好祝愿,祝拜登早日康复。
拜登出生于1942年,2021年1月至2025年1月担任美国总统。(完)
图说:这是1月5日在美国首都华盛顿白宫拍摄的美国总统拜登。 新华社记者 胡友松 摄