Europe
“ဥရောပသမဂ္ဂ-အစ္စရေး အဖွဲ့အစည်း သဘောတူညီချက်” အား ဥရောပသမဂ္ဂ ပြန်လည်ဆန်းစစ်မည်

ဘရပ်ဆဲလ်၊ မေ ၂၁ ရက် (ဆင်ဟွာ)
“ဥရောပသမဂ္ဂ-အစ္စရေး အဖွဲ့အစည်း သဘောတူညီချက်” (EU-Israel Association Agreement) မှ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော အပိုဒ် ၂ ကို ကိုးကား၍ ဥရောပသမဂ္ဂ (အီးယူ) က အဆိုပါသဘောတူညီချက်အပေါ် စတင်၍ ပြန်လည်ဆန်းစစ်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Kallas က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက အရှေ့အလယ်ပိုင်း အခြေအနေအပေါ် နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြကြောင်း၊ လက်ရှိ ဂါဇာကမ်းမြောင်ဒေသအခြေအနေမှာ ကပ်ဘေးဟုပင် ဆိုနိုင်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးအများစုမှာ “EU-Israel Association Agreement” အား ပြန်လည်ဆန်းစစ်ရန် ထောက်ခံကြောင်း Kallas က အဆိုပါနေ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေး ဝင်ရောက်ခွင့်ပြုထားသော ကူညီထောက်ပံ့မှုများမှာ “မဆိုစလောက် အတိုင်းအတာ” ဖြစ်ကြောင်း၊ ကူညီထောက်ပံ့မှုပစ္စည်းများကို “ချက်ချင်း၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် အတားအဆီးမရှိ” ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ပြီး ဤသည်မှာ အရေးတကြီးလုပ်ဆောင်ရမည့်ကိစ္စဖြစ်ကြောင်း၊ လက်ရှိ ဦးစားပေးလုပ်ရမည့် တာဝန်မှာ လူ့အသက်များကိုကယ်တင်ရန်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။
ဂျော်ဒန် အနောက်ဖက်ကမ်းရှိ အစ္စရေး “အစွန်းရောက်ဝါဒီ” အခြေချနေထိုင်သူများအား ပိတ်ဆို့အရေးယူမှုကိစ္စရပ်နှင့် စပ်လျဉ်း၍ Kallas က ဥရောပသမဂ္ဂသည် သက်ဆိုင်ရာအစီအမံများကို ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက တားဆီးပိတ်ပင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ မည်သည့် အဖွဲ့ဝင်နိုင်ငံဆိုသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။
ဥရောပသမဂ္ဂနှင့် အစ္စရေးတို့ ၂၀၀၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သော “ဥရောပသမဂ္ဂ-အစ္စရေး အဖွဲ့အစည်း သဘောတူညီချက်” သည် ဥရောပသမဂ္ဂနှင့် အစ္စရေးတို့ကြား နိုင်ငံရေးအရ ဆွေးနွေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် တရားဥပဒေနှင့် စနစ်မူဘောင် ပံ့ပိုးပေးရန် ရည်ရွယ်သည်။
လတ်တလောတွင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့လုပ်ဆောင်ခဲ့သည်။ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၉ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်အရ မတ် ၁၈ ရက်မှစ၍ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို တိုက်ခိုက်မှုများကြောင့် လူ ၃,၃၄၀ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိသူ ၉,၃၅၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………………..
(Chinese Version)
欧盟将启动审查《欧盟-以色列联系国协议》
新华社布鲁塞尔5月20日电(记者张兆卿)欧盟外交与安全政策高级代表卡拉斯20日表示,欧盟将援引《欧盟-以色列联系国协议》中有关人权的第二条款,启动对该协议的审查。
卡拉斯在当天欧盟外长会后举行的新闻发布会上说,欧盟成员国外长对中东局势进行了深入讨论。当前的加沙地带局势堪称灾难。绝大多数外长赞成对《欧盟-以色列联系国协议》进行审查。
卡拉斯说,以色列允许进入加沙地带的援助“杯水车薪”,必须允许援助物资“立即、大规模、不受阻碍地”进入加沙地带,这是当务之急。目前的首要任务是拯救生命。
就制裁约旦河西岸以色列“极端主义”定居者问题,卡拉斯表示,欧盟已讨论相关措施,但被某一成员国阻挠。她未透露是哪一个成员国。
欧盟与以色列于2000年签订《欧盟-以色列联系国协议》,旨在为欧盟与以色列之间的政治对话和经济合作提供法律和体制框架。
近期,以色列扩大了在加沙地带的军事行动。根据巴勒斯坦加沙地带卫生部门19日发布的数据,自3月18日以来,以色列对加沙地带多地发动袭击,已造成至少3340人死亡、9357人受伤。(完)
图文:5月20日,在比利时布鲁塞尔,欧盟外交与安全政策高级代表卡拉斯在新闻发布会上讲话。新华社发(欧盟供图)