Europe
ရုရှား-ယူကရိန်း တိုက်ရိုက် တွေ့ဆုံဆွေးနွေးပြီးနောက် ပထမအသုတ် စစ်သုံ့ပန်းအများအပြား လဲလှယ်

မော်စကို၊ မေ ၂၄ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း နှစ်ဖက်သည် မေ ၁၆ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့ စစ်သုံ့ပန်းလဲလှယ်မှု သဘောတူညီချက် ရရှိပြီးနောက် စစ်သုံ့ပန်း အများအပြားလဲလှယ်သည့် ပထမအဆင့်လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၃ ရက်တွင် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
ယူကရိန်းက ရုရှားစစ်သည် ၂၇၀ ဦးနှင့် အရပ်သား ၁၂၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် ရုရှားက ယူကရိန်းသို့ ယူကရိန်းစစ်သုံ့ပန်း ၂၇၀ ဦးနှင့် အရပ်သား ၁၂၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ နိုင်ငံသို့ ပြန်လာရန် လဲလှယ်ထားသည့် ရုရှားဘက်က လူပုဂ္ဂိုလ်များသည် ဘီလာရုဇ်တွင် စိတ်ပိုင်းဆိုင်ရာနှင့် ဆေးကုသမှု အကူအညီများ ခံယူလျက်ရှိကြောင်း သိရသည်။
ရုရှား-ယူကရိန်း သုံ့ပန်းအများအပြား လဲလှယ်မှုအစီအစဉ်သည် လာမည့်ရက်ပိုင်းများတွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း နှစ်နိုင်ငံသည် မေ ၁၆ ရက်က အစ္စတန်ဘူလ်မြို့၌ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ တိုက်ရိုက်ဆွေးနွေးပွဲကို ပြန်လည်စတင်ခဲ့ရာ နှစ်ဖက်အနေဖြင့် စစ်သုံ့ပန်း ထောင်ချီလဲလှယ်မည့် သဘောတူညီချက် ရရှိခဲ့သည်။ (Xinhua)
———————–
(Chinese Version)
俄乌完成直接会谈后首批大规模换俘
新华社莫斯科5月23日电(记者包诺敏)俄罗斯国防部23日通报说,俄乌双方本月16日在土耳其伊斯坦布尔达成战俘交换协议后,大规模战俘交换首阶段工作已完成。
通报说,乌克兰移交了270名俄罗斯军人及120名平民。作为回应,俄罗斯向乌克兰移交了270名乌克兰战俘和120名平民。
目前,换俘返回的俄方人员正在白俄罗斯接受心理和医疗援助。
俄国防部表示,俄乌大规模换俘计划将在未来几天继续进行。
俄乌两国16日在伊斯坦布尔重启关于和平解决俄乌冲突的直接谈判,双方达成千名战俘交换协议。(完)
1. 5月16日,在土耳其方面主持下,俄罗斯和乌克兰代表团在土耳其伊斯坦布尔开始关于和平解决乌克兰危机的会谈。 新华社发(土耳其外交部供图)