Connect with us

Science & Technology

တရုတ် မှ တတိယ-မျိုးဆက် နျူကလီးယား ဓါတ်အားပေး ကုမ္ပဏီတည်ဆောက်ရန် စီစဉ်

ဟွာလုံ ၀မ်း နည်းပညာအသုံးပြု ရှေ့ပြေးစီမံကိန်းတည်ဆောက်မှုကို တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖုကျင့်ပြည်နယ်၊ ဖုကျင်း မြို့တွင် ၂၀၁၅ခုနှစ် မေလ ၇ရက်နေ့က မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၃ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ နျူကလီးယား ဓါတ်အားပေး ကုမ္ပဏီကြီး နှစ်ခုသည် ဟွာလုံ ဝမ်း အမည်ရှိ တရုတ်နိုင်ငံ၏ တတိယမြောက်မျုးိဆက် နျူကလီးယား ဓါတ်ပေါင်းဖို ဒီဇိုင်းတွင် ပေါင်းစပ်နည်းပညာများကို အသုံးပြုရန် ဖက်စပ်ကုမ္ပဏီ တစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ခုမှ အောက်တိုဘာလ ၂၂ရက် တွင် သိရှိရသည်။

တရုတ် အထွေထွေ နျူကလီးယား စွမ်းအင်အုပ်စု (CGN) နှင့် တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း တို့သည် ဟွာလုံ ဝမ်း အား ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် ပြိုင်ဆိုင်မှုများ လျော့ကျစေရန် ရည်ရွယ်ပြီး အဆိုပါ ကုမ္ပဏီကို တည်ထောင်ခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်မှ ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ် နှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်များနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အစည်းအဝေးကို မကြာမီ ပြုလုပ်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ပါက ယခုနှစ် မကုန်ခင် ဖက်စပ် ကုမ္ပဏီကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ကုမ္ပဏီ နှစ်ခု သည် ၎င်းတို့၏ နည်းပညားအသီးသီးကို အခြေခံထားသည့် ဟွာလုံ ဝမ်း အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဋ္ဌာန ကို ၂၀၁၃ ခုနှစ်တွင်စတင်လုပ်ဆောင်ပြီး နိုင်ငံတော်စစ်ဆေးရေးကျွမ်းကျင်သူများအဖွဲ့ ၏ စစ်ဆေးမှုကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် အောင်မြင်ခဲ့ကြောင်းသိရသည်။

၂၀၁၅ခုနှစ် မေလတွင် ဟွာလုံ ဝမ်း နည်းပညာအသုံးပြု ပြီး ရှေ့ပြေးစီမံကိန်းတည်ဆောက်မှုကို တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖုကျင့်ပြည်နယ်၊ ဖုကျင်း မြို့တွင် စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117