Connect with us

Europe

ယူကရိန်းအကျပ်အတည်းအရေး ရုရှား-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပြန်လည်လွတ်မြောက်လာသည့် ယူကရိန်းမှလူပုဂ္ဂိုလ်များ ဘတ်စ်ကားဖြင့် ယူကရိန်း နယ်နိမိတ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဇွန် ၁ ရက်က ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်းသည့် အခြေအနေ တိုးတက်မှုများအား နှစ်ဖက်ကြား ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ပြောကြားခဲ့သည်။

Sergey Lavrov နှင့် Marco Rubio တို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး အဆိုပြုချက် အသီးသီးအား အမြင်သဘောထားချင်းဖလှယ်ခဲ့ရာ ဇွန် ၂ ရက် တူကီယဲနိုင်ငံ မြို့တော် အစ္စတန်ဘူလ်၌ ကျင်းပမည့် ရုရှား-ယူကရိန်း တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု အစီအစဉ်လည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖုန်းဖြင့် ဆက်သွယ်ရာတွင် Marco Rubio က ရုရှားနိုင်ငံ Bryansk ပြည်နယ်နှင့် Kursk ပြည်နယ် ရထားလမ်း အခြေခံအဆောက်အဦ ဖောက်ခွဲခံရခြင်းကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရသည့်အပေါ် နှစ်သိမ့်စကား ပြောကြားခဲ့ကြောင်း၊ ရုရှားသက်ဆိုင်ရာဌာနများကလည်း အချင်းဖြစ်ရပ်အား အဆုံးစွန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စုံစမ်းစစ်ဆေးမှုရလဒ်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ တရားခံအား မုချမသွေ ဖော်ထုတ်သွားမည်ဖြစ်ပြီး ထိုက်သင့်သည့်ပြစ်ဒဏ်ပေးသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးထားပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် Marco Rubio သည် ယင်းနေ့က ဖိတ်ကြားချက်အရ Sergey Lavrov နှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ရေရှည်ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရုရှား-ယူကရိန်း တိုက်ရိုက် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရေး အမေရိကန်သမ္မတ ထရမ့်၏ တိုက်တွန်းချက်အား ထပ်မံပြောကြားခဲ့ကြောင်း ဖော်ထားသည်။ (Xinhua)
————————
(Chinese Version)
俄美外长通电话讨论乌克兰危机
新华社莫斯科6月1日电(记者陈汀)俄罗斯外交部1日晚发布消息说,俄外交部长拉夫罗夫当天与美国国务卿鲁比奥通电话,双方讨论了乌克兰危机相关局势发展。
消息说,拉夫罗夫与鲁比奥就通过政治途径解决乌克兰危机的各种倡议交换了意见,包括将于2日在土耳其城市伊斯坦布尔举行俄乌直接谈判的计划。
消息说,鲁比奥在通话中对俄罗斯布良斯克州和库尔斯克州铁路基础设施遭炸造成的平民伤亡表示慰问。俄主管部门正对此事件进行彻底调查,将尽快公布调查结果。俄外交部强调,一定会查出肇事者,使其受到应有的惩罚。
另据美国国务院发表的声明,鲁比奥当天应邀与拉夫罗夫通话,在通话中重申了美国总统特朗普呼吁俄乌继续进行直接谈判,以实现持久和平。(完)
1. 5月23日,被释放的乌方人员乘坐大巴返回乌克兰境内。新华社发(彼得·德鲁克摄)