Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှု တရားဝင်စတင်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးနေသူများကို ၂၀၂၅ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ဒေသစံတော်ချိန် ဇွန် ၃ ရက် နံနက် ၆ နာရီတွင် တောင်ကိုရီးယားနိုင်ငံ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှု တရားဝင်စတင်ခဲ့သည်။
မဲရုံ ဖွင့်လှစ်သည့်အချိန်မှာ ဒေသစံတော်ချိန် ၆ နာရီမှ ၂၀ နာရီအထိဖြစ်ပြီး ဆန္ဒမဲပေးမှု ပြီးဆုံးပြီးနောက် မဲများကို ချက်ချင်း စတင်ရေတွက်သွားမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံး၌ မဲရုံပေါင်း ၁၄,၂၉၅ ရုံ ရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၄၄.၃၉ သန်း ခန့်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ သမ္မတလောင်း ၇ ဦးရှိပြီး ၎င်းအနက် ၂ ဦးမှာ ရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် နောက်ဆုံးတွင် သမ္မတလောင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ၎င်းအနက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း လီဂျေမြောင်၊ ပြည်သူ့အင်အားပါတီ သမ္မတလောင်း ကင်မွန်ဆူ၊ ပြုပြင်ပြောင်းလဲရေးပါတီ သမ္မတလောင်း လီဂျွန်ဆော့ တို့သည် လူကြိုက်အများဆုံး သမ္မတလောင်းများ ဖြစ်ကြသည်။

ယခုအကြိမ် သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးသည့်နေ့တွင် အကြောင်းကြောင်းကြောင့် ဆန္ဒမဲမပေးနိုင်သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမှုကို တိုက်တွန်းအားပေးရန်အတွက် မေ ၂၉ ရက်မှ ၃၀ ရက်အထိ “ကြိုတင်ဆန္ဒမဲပေးမှု” ကျင်းပခဲ့ရာ မဲဆန္ဒရှင်ပေါင်း ၁၅ သန်း ကျော် ပါဝင်မဲပေးခဲ့သဖြင့် ဆန္ဒမဲပေးမှုနှုန်းမှာ ၃၄.၇၄ ရာခိုင်နှုန်းဖြစ်သည်။ နိုင်ငံခြားရောက် တောင်ကိုရီးယားနိုင်ငံသားများကလည်း မေ ၂၀ ရက်မှ ၂၅ ရက်အတွင်း ဆန္ဒမဲပေးခဲ့ကြသည်။

ယခုအကြိမ် သမ္မတရွေးကောက်ပွဲ၏ ကနဦးရလဒ်ကို ဇွန် ၃ ရက် ညသန်းခေါင်ယံဝန်းကျင်၌ ထုတ်ပြန်ကြေညာလိမ့်မည်ဟု တောင်ကိုရီးယား လူထုသဘောထားက မျှော်မှန်းကြသည်။ ယခုအကြိမ် ရွေးကောက်ပွဲ ဆန္ဒမဲရေတွက်မှုသည် ဒေသစံတော်ချိန် ဇွန် ၄ ရက် နံနက်ပိုင်း ၆ နာရီဝန်းကျင်၌ ပြီးစီးမည်ဟု တောင်ကိုရီးယား အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က မျှော်မှန်းထားသည်။

ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သမ္မတ ယွန်းဆက်ယို၏ စွဲချက်တင်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ကြေညာခဲ့ရာ ယွန်းဆက်ယိုသည် သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ တရားဥပဒေအရ တောင်ကိုရီးယားနိုင်ငံသည် ရက်ပေါင်း ၆၀ အတွင်း သမ္မတအသစ် ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ (Xinhua)

——————–
(Chinese Version)
韩国第21届总统选举开始正式投票
新华社首尔6月3日电(记者黄昕欣 陆睿)韩国第21届总统选举当地时间3日上午6时开始正式投票。
投票站开放时间为当地时间6时至20时,投票结束后将立即开始计票。全国共设有14295个投票站,选民人数约4439万。
本届总统选举共有7名候选人登记参选,其中2人已宣布退选,最终有5名候选人参加角逐。其中,共同民主党候选人李在明、国民力量党候选人金文洙、改革新党候选人李俊锡为呼声较高的热门人选。
为鼓励投票日当天可能因故无法投票的选民提前投票,本届总统选举于5月29日至30日进行“事前投票”,已有逾1500万名选民参与,投票率为34.74%。海外韩国公民也于5月20日至25日进行了投票。
韩国舆论预测,本届总统选举初步结果或将于3日午夜前后公布。韩国中央选举管理委员会预计,此次大选计票将在当地时间4日上午6时左右结束。
韩国宪法法院4月4日通过弹劾总统尹锡悦的裁决,尹锡悦被罢免总统职务。根据法律,韩国须在60日内举行新一届总统选举。(完)
图说:6月3日,韩国选民在首尔一处投票站投票。新华社记者 姚琪琳 摄