Education & Health
ထိန်းချုပ်ဆေးဝါးများနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် လိုအပ်
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ဆောင်ရွက်နေသည့် လုပ်ငန်းများကို အသေးစိတ်ပြန်လည် သုံးသပ်ရာတွင် လက်ရှိကျင့်သုံးနေသော လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များအားလုံးကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးညွှန်းစာများနှင့် မှတ်တမ်းမှတ်ရာ အစီရင်ခံစာကိစ္စရပ်များ အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ရန် ဗဟို/တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အစား အသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီများသို့ တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးညွှန်းစာများနှင့် မှတ်တမ်းမှတ်ရာ အစီရင်ခံစာကိစ္စရပ်များ အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ရန် ဗဟို/တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အစား အသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီများသို့ တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါကော်မတီနှင့် ဆေးဝါးအကြံပေးကော်မတီများ၏ ဖွဲ့စည်းပုံ၊ အဖွဲ့ဝင်အမျိုး အစား၊ လုပ်ငန်းနှင့်တာဝန်ဝတ္တရားများကိုလည်း ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊
မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပြဿနာသည် အမျိုးသားအဆင့် အရေးပေါ်ပြဿနာကြီး တစ်ရပ်ဖြစ်သလို တစ်ဖက်၌လည်း ကင်ဆာရောဂါလူနာများအတွက် နာကျင်မှုဝေဒနာ သက်သာစေရန်နှင့် အခြားကျန်းမာရေးဆိုင်ရာ ကုသရေးလုပ်ငန်းများတွင် ထိန်းချုပ်ဆေးဝါး များကို ရရှိသုံးစွဲနိုင်ရေး၊
နိုင်ငံအတွက် နှစ်စဉ်လိုအပ်သော ထိန်းချုပ်ဆေးဝါးပမာဏ တွက်ချက်သတ်မှတ်ရာတွင် ရသင့်သည့်လူနာများကို ထောက်ပံ့ပေးနိုင်ရေးနှင့် စနစ်တကျ ထိန်းချုပ်ရေးသည်လည်း အရေးကြီးကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။
ထိန်းချုပ်ဆေးဝါးများနှင့်ပတ်သက်၍ အသေးစိတ်ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မေ ၂၈ရက်နေ့ ပြုလုပ်ခဲ့သည်။(Xinhua)