Africa & Middle East
ရုရှားအနေဖြင့် အစ္စရေး-အီရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့်ဘက်များအကြား ဆွေးနွေးမှုအား ဖျန်ဖြေမြှင့်တင်ပေးလိုကြောင်း ပူတင် ဆို

မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် အစ္စရေး-အီရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးမှုများ မြှင့်တင်ရာ၌ “ဖျန်ဖြေညှိနှိုင်းမှုဆိုင်ရာ အထောက်အပံ့” ပေးရန် အဆင်သင့်ဖြစ်နေပြီး ဤသဘောဆန္ဒနှင့်စပ်လျဉ်း၍ နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ Mohammed bin Zayed Al Nahyan နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော် တရားဝင်ဝက်ဘ်ဆိုက်၏ ဇွန် ၁၈ ရက် သတင်းအရ သိရသည်။
ရုရှား- ယူအေအီး ခေါင်းဆောင်တို့သည် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှု အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ကြကြောင်း၊ နှစ်ဖက်စလုံးက အစ္စရေး-အီရန် ပဋိပက္ခ ဆက်လက် ကြီးထွားလာမှုအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး ယင်းအခြေအနေသည် ဒေသတွင်းတစ်ခုလုံးအတွက် “အလွန်အမင်း အပျက်သဘောဆောင်သော” အကျိုးဆက်များ ဆောင်ကြဉ်းပေးနိုင်သည်ဟု ယူဆကြကြောင်း၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ များအနေဖြင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန်၊ တစ်ချိန်တည်းမှာပင် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် အငြင်းပွားမှုများကို ဖြေရှင်းရန် နိုင်ငံရေးနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများကို အားဖြည့်ရမည်ဟု ရုရှားနှင့် ယူအေအီး သမ္မတတို့က အလေးပေး ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်က သတင်းတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံသည် အီရန်နျူကလီးယား အစီအစဉ်ကို အဓိကထားသော ဆွေးနွေးမှုများတွင် ဖျန်ဖြေပေးလိုကြောင်း၊ ရုရှား၏ ရည်မှန်းချက်မှာ ၎င်း၏ ဖျန်ဖြေပေးမှုအောက်တွင် နိုင်ငံရေး၊ သံတမန်ရေးလမ်းကြောင်းဖြင့် အောင်မြင်မှုရရှိရန်ဖြစ်ကြောင်း ထိုနေ့တွင်ပင် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ၂၈ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်၌ မီဒီယာများထံ ပြောကြားခဲ့သည်။
ယခုလ ၁၃ ရက် နံနက်ပိုင်းမှစ၍ အစ္စရေးသည် အီရန် ဒေသအများအပြားသို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် လုပ်ဆောင်ခဲ့ပြီး အီရန်နျူကလီးယား အဆောက်အဦများနှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှုဖြစ်ခဲ့သည်။ လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ဘက်က အစ္စရေးနယ်နိမိတ်အတွင်းရှိ ပစ်မှတ်အမျိုးမျိုးကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်များစွာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)
………………
(Chinese Version)
普京:俄方愿调停推动以伊冲突方对话
新华社莫斯科6月18日电 据克里姆林宫官网18日消息,俄罗斯总统普京在与阿联酋总统穆罕默德举行的电话会谈中表示,俄罗斯准备在推动以伊冲突各方对话方面给予“调停性支持”,并已就这一意向与多国领导人进行了沟通。
克里姆林宫消息说,俄阿领导人就中东地区紧张局势交换了意见,双方对以伊冲突持续升级深表关切,认为这一局势会给整个地区带来“极为负面”的后果。俄阿总统强调冲突方必须尽快停火,同时加强政治外交努力,以解决与伊朗核计划有关的争议问题。
同一天,俄罗斯外交部发言人扎哈罗娃在第28届圣彼得堡国际经济论坛上对媒体表示,俄方愿在围绕伊朗核计划开展对话方面进行调停,俄方的目标是在俄调停下通过政治外交途径取得成果。
自本月13日凌晨以来,以色列对伊朗多地发动大规模空袭,轰炸伊朗核设施和军事目标,造成大量人员伤亡。作为报复,伊朗向以色列境内不同目标发动多轮导弹和无人机袭击。(完)
图说:5月11日,俄罗斯总统普京在莫斯科克里姆林宫举行记者见面会。新华社记者刘恺摄