Connect with us

China

China Post က တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့မှ လူဇင်ဘက်နိုင်ငံအထိ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ် ပြေးဆွဲ

China Post ၏ တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့မှ လူဇင်ဘက်နိုင်ငံအထိ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ်၏ ပထမဆုံးကုန်ပစ္စည်းတင်လေယာဉ်သည် ကျိန့်ကျိုး ရှင်းကျိန့် နိုင်ငံတကာလေဆိပ်တွင် ပျံသန်းရန် ပြင်ဆင်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
China Post သည် ဇွန် ၂၃ ရက်တွင် တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့မှ လူဇင်ဘက်နိုင်ငံအထိ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးခရီးစဉ် တရားဝင်စတင်ပြေးဆွဲခဲ့သည်။ အဆိုပါခရီးစဉ်သည် လက်ရှိတွင် တစ်ပတ်လျှင် တစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်အရ တစ်ဆင့် ထပ်တိုးပြေးဆွဲသွားကာ ကျိန့်ကျိုးမြို့မှ လူဇင်ဘက်နိုင်ငံအထိ “လေကြောင်းပိုးလမ်းမ” ကို လုပ်ငန်းအနေအထားမျိုးစုံ အတူယှဉ်တွဲ တည်ရှိသည့် ကောင်းမွန်သော ဂေဟဝန်းကျင်ဖြစ်အောင် တွန်းအားပေးဖော်ဆောင်သွားမည် ဖြစ်ပေသည်။ (Xinhua)

China Post ၏ တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့မှ လူဇင်ဘက်နိုင်ငံအထိ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ်၏ ပထမဆုံးကုန်ပစ္စည်းတင်လေယာဉ်အတွက် ကျိန့်ကျိုး ရှင်းကျိန့် နိုင်ငံတကာလေဆိပ် ဝန်ထမ်းများက ကုန်ပစ္စည်းတင်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
中国邮政开通郑州至卢森堡国际货运航线
新华社照片,郑州,2025年6月23日
当日,中国邮政正式开通郑州至卢森堡国际货运航线。据了解,该航线目前每周一班,并根据市场需求逐步加密,推动郑州至卢森堡“空中丝绸之路”形成多业态共生的良性生态圈。
图说1:6月23日,中国邮政郑州至卢森堡国际货运航线首航货机在郑州新郑国际机场做起飞前的准备。 新华社记者 李嘉南 摄
图说2:6月23日,郑州新郑国际机场工作人员在为中国邮政郑州至卢森堡国际货运航线首航货机装货。新华社记者 李嘉南 摄