Connect with us

Environment, Disasters & Accidents

မုဒုံ နှင့် သံဖြူဇရပ်မြို့နယ်များ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား

မုဒုံမြို့ နယ် အတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် မုဒုံမြို့နယ် နှင့် သံဖြူဇရပ် မြို့နယ်များတွင် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားလျှက် ရှိနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

မုဒုံမြို့နယ် အတွင်း ယနေ့ဇွန် ၁၇ ရက် နံနက် ၀၀း၃၀ အချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့မ (၄) ရပ်ကွက်၊ ချမ်းမြကန်သာ အပိုင်းနှင့် ခိုင်ရွှေဝါလမ်း အိမ်ခြေ ၃၅ လုံး ၄ ပေခန့် ရေနစ်မြုပ်၍ လူဦးရေ ၁၅၀ ခန့်ကို အနီးရှိ အမကလွန် ကျောင်းရွာလမ်းကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

သံဖြူဇရပ် မြို့နယ် အတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာတံတား၊ နှိုင်လုံလက်တက်တံတား၊ ကမာဝက်၂၈ မိုင် တံတားများ ရေ ၄ ပေခန့် နစ်မြုပ်ပြီး ကမာဝက်မြို့ အထက ကမာဝက်ကျောင်း မျက်နှာစာရှိ ခြံစည်းရိုးမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေအိ၍ အုတ်နံရံပေ ၃၀ ခန့်ပြိုကျခဲ့ကြောင်း သိရသည်။

ရေကြီးနစ်မြုပ်ရာနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးမှူး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများဖြင့် လိုအပ်သော ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။သံဖြူဇရပ်မြို့နယ်အတွင်း ဇွန် ၁၆ ရက် ညဦးပိုင်းမှ စတင်၍ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၄ နာရီအချိန်ခန့်မှ စတင်ကာ သံဖြူဇရပ် မြို့တွင်းရှိ၊ ခေါပငံချောင်း ရေလျှံမှုကြောင့် သံဖြူဇရပ်-ကျိုက္ခမီ ကားလမ်း(မြို့တွင်း)၊ သံဖြူဇရပ်-ရေး ကားလမ်း(မြို့တွင်း) လမ်းဦးစီးဌာနရုံး နှင့် မြို့မရဲစခန်းအကြား၊ စက်သစ်ရပ်ကွက် သီရီရတနာလမ်း၊ ကျောင်းပိုင်းရပ်ကွက် ခိုင်သစ္စာလမ်း၊ အောင်မင်္ဂလာ ရပ်ကွက် ၁ လမ်း/ ၂လမ်း၊ အောင်ဇေယျရပ်ကွက် (၆)လမ်းဆုံ နေရာတို့တွင် လမ်းမရေကျော်မှုဖြစ်ခဲ့ပြီး ယာဉ်ဖြတ်သန်းမှုကို နံနက် ၆ နာရီ ၃၀ မိနစ်အချိန်အထိ ခေတ္တရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။ထို့ပြင် စက်သစ်ရပ်ကွက် သီရိရတနာလမ်း မြေနိမ့်ပိုင်းတံတားအနီးရှိ လူနေအိမ် (၁၀)လုံးခန့် နေအိမ် ကြမ်းခင်း အထိ ရေရောက်ရှိမှုရှိခဲ့ကြောင်း သတင်းရရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.