Asia
အင်ဒိုနီးရှား သင်္ဘောတိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံး၊ ၄ ဦး ကယ်ဆယ်ခဲ့ပြီးဖြစ်ကြောင်း အတည်ပြု

ဂျကာတာ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံတွင် လူ ၆၅ ဦးတင်ဆောင်လာသော သင်္ဘောတစ်စင်းသည် ဇွန် ၃ ရက် နံနက်အစောပိုင်းက ဘာလီရေလက်ကြား၌ နစ်မြုပ်ခဲ့သည်။ လူ ၃ ဦး သေဆုံး၍ ၄ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးသူ ၅၈ ဦး ရှိနေသေးကြောင်း အတည်ပြုပြီးဖြစ်သည်ဟု ဘာလီကျွန်း ကယ်ဆယ်ရေးရုံးတာဝန်ခံက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
သင်္ဘောတိမ်းမှောက်မှုသည် ဒေသစံတော်ချိန် ဇွန် ၃ ရက် ၀ နာရီ ၁၉ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဤ “KM Tunu Pratama Jaya” ဟုအမည်ရှိသော သင်္ဘောသည် အရှေ့ဂျာဗာပြည်နယ်ရှိ Ketapang ပင်လယ်ဆိပ်ကမ်းမှ ဘာလီကျွန်းရှိ Gilimanuk ပင်လယ်ဆိပ်ကမ်း သို့ မောင်းနှင်ခဲ့ရာ သင်္ဘောပေါ်တွင် စီးနှင်းလိုက်ပါသောဧည့်သည် ၅၃ ဦးနှင့် သင်္ဘောဝန်ထမ်း ၁၂ ဦး တင်ဆောင်လာခြင်း ဖြစ်သည်။
လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ (Xinhua)

သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်နေသည်ကို ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အင်ဒိုနီးရှားနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ်ရေးဗျူရို)
…………………………………
(Chinese Version)
印尼沉船事故已确认3人死亡4人获救
新华社雅加达7月3日电(记者陶方伟)印度尼西亚一艘载有65人的船只3日凌晨在巴厘海峡沉没。巴厘岛搜救办公室负责人对新华社记者表示,已确认3人死亡,4人获救,仍有58人失踪。
据初步报告,沉船事故发生在当地时间3日零时19分,这艘名为“图努·普拉塔马·贾亚”号的船只正从东爪哇省的吉打邦港驶往巴厘岛的吉利马努克港,船上载有53名乘客和12名船员。
目前,救援工作正在展开。(完)
图说:这是7月3日,救援人员在沉船事故发生后组织搜救。 新华社发(印度尼西亚国家搜救局供图)