Connect with us

International Organizations

အာဂျင်တီးနားတိုက်စစ်မှူး အိန်ဂျယ်လ် ကော်ရီယာ မက္ကဆီကိုကလပ် တီဂရေးအသင်းနှင့် ဆေးစစ်ခံယူမှု ပြီးစီး

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ဆယ်လ်တာဗီဂို အသင်းတို့၏ စပိန်လာလီဂါဘောလုံးပြိုင်ပွဲအတွင်း အက်သလက်တီကိုမက်ဒရစ်အသင်း ကစားသမား အိန်ဂျယ်လ် ကော်ရီယာအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
အာဂျင်တီးနားတိုက်စစ်မှူး အိန်ဂျယ်လ် ကော်ရီယာ (Angel Correa) သည် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ထွက်ခွါရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် မက္ကဆီကိုကလပ် တီဂရေး UANL (Tigres UANL) အသင်းနှင့် ဇူလိုင် ၁၀ ရက်တွင် ဆေးစစ်ခံယူမှု ပြီးစီးခဲ့ကြောင်း သိရသည်။
တီဂရေးအသင်းက အသက် ၃၀ နှစ်အရွယ် တိုက်စစ်မှူး ကော်ရီယာ ဆေးစစ်မှု ခံယူနေသည့် ဗီဒီယိုကို ၎င်း ကစားသမား က အက်သလက်တီကိုမက်ဒရစ် အသင်းတွင် ၁၀ နှစ်ကြာ ကစားခဲ့ခြင်းအား အဆုံးသတ်တော့မည်ဟု အတည်ပြုပြီးနောက် တစ်ရက်အကြာတွင် လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
မွန်ထရေးမြို့ အခြေစိုက် တီဂရေးအသင်းသည် ကော်ရီယာ၏ အပြောင်းအရွှေ့သဘောတူညီမှုအသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ကော်ရီယာသည် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းအတွက် ၄၆၉ ပွဲ ကစားခဲ့ပြီး ၈၈ ဂိုး သွင်းယူကာ ၆၅ ဂိုး ဖန်တီးပေးခဲ့သည်။ ၎င်းသည် ၂၀၂၀-၂၀၂၁ ရာသီတွင် စပိန်လိဂ်ဖလား ရရှိခဲ့သည့်အသင်းနှင့် ၂၀၁၆ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းများတွင် ပါဝင်ခဲ့သည်။
၎င်းသည် အာဂျင်တီးနားနိုင်ငံ အသင်းအတွက် ၂၈ ပွဲ ကစားခဲ့ပြီး ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားနှင့် ၂၀၂၁ ကိုပါအမေရိကဖလား ရရှိခဲ့သည့် အသင်းများတွင်လည်း ပါဝင်ခဲ့သည်။
တီဂရေးအသင်းသည် Liga MX Apertura ပြိုင်ပွဲ၌ ပထမဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၁၉ ရက်တွင် အိမ်ကွင်း၌ ဟွာရက်ဇ် (Juarez) အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Angel Correa completes Tigres medical
MEXICO CITY, July 10 (Xinhua) — Argentine forward Angel Correa completed a medical with Tigres UANL on Thursday after agreeing to join the Mexican club from Atletico Madrid.
Tigres published a video on social media showing the 30-year-old undergoing a routine physical test, a day after confirmation that he would end his 10-year spell at Atletico Madrid.
The Monterrey-based club has not revealed details of the agreement.
Correa made 469 appearances for the Spanish club, scoring 88 goals and providing 65 assists. He was part of the squads that won the Spanish league title in 2020-21 and reached the Champions League final in 2016.
For Argentina, he has been capped 28 times, featuring in the squads that won the 2022 FIFA World Cup and 2021 Copa America.
Tigres’ first match of the Liga MX Apertura tournament is a home clash against Juarez on July 19.

English Caption
Angel Correa of Atletico Madrid reacts during a Spanish La Liga football match between Atletico Madrid and Celta Vigo in Madrid, Spain, Sept. 10, 2022. (Photo by Gustavo Valiente/Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.