International Organizations
တံကောက်ကြောဒဏ်ရာကြောင့် နီကို ဝီလီယမ်စ်၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်များ အဆုံးသတ်ဖွယ်ရှိ
မက်ဒရစ်၊ မေ ၁၂ ရက် (ဆင်ဟွာ)
အက်သလက်တစ် ဘီဘာအိုအသင်း၏ တောင်ပံကစားသမား နီကို ဝီလီယမ်စ်မှာ မေ ၁၀ ရက်က ဗလင်စီယာအသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်း၏ လူစာရင်း၌ ပါဝင်နိုင်ဖွယ်မရှိတော့သည့် စိုးရိမ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အဆိုပါပွဲစဉ်၌ ဝီလီယမ်စ်မှာ ဘောလုံးမရှိချိန်တွင် ကွင်းထဲ၌လဲကျသွားခဲ့ပြီး “အဲဒီလိုဖြစ်လို့မရဘူး” ဟု ၎င်းအား ကုသပေးနေသည့် အသင်း၏ ဆေးအဖွဲ့ဝန်ထမ်းတစ်ဦးအား ပြောဆိုနေပုံကို ရုပ်သံကင်မရာများက အမိအရရိုက်ကူးထားခဲ့သည်။
ထို့နောက် ဝီလီယမ်စ်အား ကွင်းထဲမှ တွဲ၍ခေါ်ထုတ်ခဲ့ရပြီး ၎င်း၏အစ်ကိုဖြစ်သူ အီနာကီနှင့် လူစားလဲခဲ့ရသည်။”သူ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ဆေးစစ်ချက်ရလဒ်ကို စောင့်ဆိုင်းရပါမယ်” ဟု ဘီဘာအိုနည်းပြ အာနက်စတို ဗယ်လ်ဗာဒီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။”သူက ပုံစံကောင်းမှာရှိနေပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရနေပါပြီ။
အခုတော့ ကျွန်တော်တို့ အပြုသဘောရလဒ်ကို မျှော်လင့်ရင်း စောင့်ဆိုင်းရတော့မှာပါ” ဟု အီနာကီက ဆိုသည်။နီကို ဝီလီယမ်စ်မှာ ယခုရာသီတွင် ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး လာလီဂါတွင် ၂၅ ပွဲ၊ ချန်ပီယံလိဂ်တွင် ၃ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။မကြာသေးမီကလည်း ၎င်းအနေဖြင့် တင်ပါးဆုံရိုးဒဏ်ရာကို ကုသမှုခံယူခဲ့ရကာ သီတင်းပတ်ခြောက်ပတ်ကြာ အနားယူခဲ့ရပြီးနောက် ၎င်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဟု စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေး လက်ခံယုံကြည်လာအောင် စွမ်းဆောင်ပြနိုင်ရန် ရည်မှန်းထားလျက်ရှိသည်။
အဆိုပါ တောင်ပံကစားသမားအနေဖြင့် လွန်ခဲ့သည့် သီတင်းပတ်ကုန်၌ ဘီဘာအိုက အလာဗက်စ်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၌ နောက်ကျဂိုးနှစ်ဂိုး သွင်းယူခဲ့သည်။ သို့သော် စပိန်အသင်းမှာ ဇွန် ၁၅ ရက်တွင် ကိပ်ဗာဒီအသင်းနှင့် ကမ္ဘာ့ဖလားပွဲစဉ် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ၎င်းအနေဖြင့် ဒဏ်ရာပျောက်ကင်းအောင် လုပ်နိုင်ရန် အနည်းငယ်သာ အချိန်ရရှိမည်ဖြစ်သည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ရိုးမားအသင်းနှင့် အက်သလက်တစ် ဘီဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်၌ အက်သလက်တစ် ဘီဘာအိုအသင်းမှ နီကို ဝီလီယမ်စ် (ယာ) နှင့် ရိုးမားအသင်းမှ ဂျန်လူကာ မန်ချီနီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဂရန်နာဒါမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်က စပိန်အသင်းနှင့် ဆိုက်ပရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၄ ယူအီးအက်ဖ်အေ ဥရောပဖလား ခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်၌ စပိန်အသင်းမှ နီကို ဝီလီယမ်စ် (ယာ) ဂိုးကန်သွင်းနေစဉ် (ဆင်ဟွာ)
…………………………………………………
(English Version)
Hamstring injury puts Nico Williams’ World Cup hopes in jeopardyMADRID, May 11 (Xinhua) — Athletic Club winger Nico Williams is in serious danger of missing out on a place in Spain’s World Cup squad after suffering a hamstring injury in the 1-0 defeat against Valencia on Sunday.Williams went down off the ball and TV cameras captured him saying “this can’t be happening” to the medical staff, who attended him as he was helped off the pitch to be replaced by his brother Inaki.”He had a problem in his hamstring and we will have to wait,” commented Athletic coach Ernesto Valverde after the match.”He was in a good moment of form and getting back to his best. Now we have to cross our fingers and wait,” Inaki said.Nico has struggled with injury this season, making just 25 appearances in La Liga and three in the UEFA Champions League.He recently missed six weeks of competition to undergo a treatment to end his pelvic problems and was looking to convince Spain coach Luis de la Fuente of his return to fitness.The winger scored two late goals as Athletic beat Deportivo Alaves 4-2 last weekend. But with Spain due to kick off its World Cup campaign against Cape Verde on June 15, he has very little recovery time.English Caption 1Athlectic Bilbao’s head coach Ernesto Valverde (R) talks to player Nico Williams during a UEFA Europa League match between Roma and Athletic Bilbao in Rome, Italy, Sept. 26, 2024. (Xinhua/Li Jing)English Caption 2Athlectic Bilbao’s Nico Williams (R) vies with Roma’s Gianluca Mancini during a UEFA
Europa League match between Roma and Athletic Bilbao in Rome, Italy, Sept. 26, 2024. (Xinhua/Li Jing)English Caption 3Nico Williams (R) of Spain shoots during the UEFA European Championship 2024 Qualifying group round match between Spain and Cyprus in Granada, Spain, on Sept. 12, 2023. (Photo by Gustavo Valient/Xinhua)
