မြန်မာ-中文
တရုတ်နိုင်ငံ ယန်ကျိုးမှ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်အထိ ကီလိုမီတာနှစ်သောင်းရှည်သည့် လျှပ်စစ်ယာဉ်ခရီးလမ်း

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် မေလတွင် အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေးရိစ်၌ ပထမဆုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဘတ်စ်ကားလမ်းကြောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်လကြာ စမ်းသပ်ပြေးဆွဲမှုတွင် အသုံးပြုသည့် လျှပ်စစ်သီးသန့်သုံး ဘတ်စ်ကား ၁၂ စင်းသည် တရုတ်နိုင်ငံ ယန်ကျိုး Asiastar ဘတ်စ်ကား ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အဆိုပါဘတ်စ်ကားများကို နှစ်သုတ်ခွဲ၍ ပို့ဆောင်ခဲ့ရာ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်မှ ကီလိုမီတာ နှစ်သောင်းနီးပါးရှိသည့် ကုန်း၊ ရေ၊ လေလမ်းကြောင်းများကို ကျော်ဖြတ်ကာ တောင်အမေရိကတိုက်သို့ ရောက်ရှိလာပြီး ဝေးလံလှသော ဗျူနိုအေးရိစ်မြို့လယ် လမ်းမထက်တွင် မောင်းနှင်ရန် ရောက်ရှိလာခဲ့သည်။
အဆိုပါဘတ်စ်ကားများတွင် မောင်းနှင်မှုအကူစနစ်နှင့် အတားအဆီးမဲ့ အစီအမံများ တပ်ဆင်ထားသည်။ ကနဦးကာလတွင် ကားလက်မှတ် အခမဲ့စနစ် ကျင့်သုံးခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ မြေအောက်ရထား လက်မှတ်များနှင့် ပူးတွဲချိတ်ဆက်ခဲ့သည်။
အဆိုပါဘတ်စ်ကားမော်ဒယ်ကို တစ်ချိန်တည်းတွင် စင်ကာပူ၊ ဂျပန်၊ ရိုမေးနီးယား၊ အီတလီ စသည့် နိုင်ငံများတွင်လည်း ထည့်သွင်းပြေးဆွဲထားသည့်အပြင် တရုတ်နိုင်ငံ ယန်ကျိုးမြို့တွင်လည်း ပြေးဆွဲလျက်ရှိသည်။ အာဂျင်တီးနားစီမံကိန်းသည် တရုတ်နိုင်ငံ ထုတ်လုပ်မှုကုမ္ပဏီက လက်တင်အမေရိကဈေးကွက် တိုးချဲ့မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရည်ရွယ်ထားသည့်ဈေးကွက်များတွင် အာဂျင်တီးနား၊ ဘရာဇီးနှင့် ကိုလံဘီယာ စသည့်နိုင်ငံများ ပါဝင်ကြောင်း သိရသည်။
“တရုတ်နိုင်ငံတွင် ထုတ်လုပ်” သည့် လျှပ်စစ်ဘတ်စ်ကားများသည် ယန်ကျိုးကုန်ထုတ်လုပ်ငန်းက တစ်ကမ္ဘာလုံးထံသို့ လက်ကမ်းပေးသည့် အစိမ်းရောင် နာမည်ကတ်ဖြစ်ရုံသာမက တရုတ်နိုင်ငံ စွမ်းအင်သစ်နည်းပညာဖြင့် ကမ္ဘာကြီးအား အကျိုးပြုသည့် သက်ဝင်လှုပ်ရှားသော လက်တွေ့ကျင့်သုံးမှုလည်း ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယန်ကျိုး Asiastar ဘတ်စ်ကား ကုမ္ပဏီလီမိတက် စက်ခန်းအတွင်း လုပ်ကိုင်နေသော ဝန်ထမ်းများအား ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယန်ကျိုး Asiastar ဘတ်စ်ကား ကုမ္ပဏီလီမိတက် စက်ခန်းအတွင်း လုပ်ကိုင်နေသော ဝန်ထမ်းများအား ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ယန်ကျိုး Asiastar ဘတ်စ်ကား ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော လျှပ်စစ်ဘတ်စ်ကားများက အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ လမ်းမထက်၌ စမ်းသပ်ပြေးဆွဲနေသည်ကို ၂၀၂၅ ခုနှစ် မေ ၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
镜头连中外丨两万公里的电动之路 从扬州到布宜诺斯艾利斯
新华社照片,北京,2025年8月1日
2025年5月,阿根廷首都布宜诺斯艾利斯开通首条100%电动公交线路,投入为期两个月试运营的12辆纯电动公交车由中国扬州亚星客车公司制造。2025年1月至2月,这批车辆分两批发运,从中国江苏跨越近两万公里海陆航线抵达南美,驶入距离遥远的布宜诺斯艾利斯市中心街头。车辆配有驾驶辅助系统和无障碍设施,初期实行免费票制,后期与地铁系统票务联通。
该车型同时在新加坡、日本、罗马尼亚、意大利等国投放,扬州本地也有运营。阿根廷项目为中方制造企业在拉美市场拓展的一部分,目标市场包括阿根廷、巴西和哥伦比亚等国。
“中国造”电动公交车,不仅是扬州制造业向全球递出的绿色名片,更是中国新能源技术惠及世界的生动实践。
1:这是5月22日拍摄的江苏扬州亚星客车股份有限公司(无人机照片)。新华社记者 李博 摄
2、3:5月22日,工人在江苏扬州亚星客车总装车间内作业。新华社记者 李博 摄
4、5:5月7日,由中国扬州亚星客车公司制造的电动公交车在阿根廷布宜诺斯艾利斯街头试运营。新华社发(马丁·萨巴拉摄)