Connect with us

Asia

ထိုင်းနိုင်ငံဆိုင်ရာ နိုင်ငံအများအပြား၏ သံတမန်များနှင့် စစ်သံမှူးများကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအလွန် အခြေအနေအား လေ့လာကြည့်ရှုရန် ထိုင်းဘက်က စီစဉ်

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်တွင် ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့သည့် ဓာတ်ဆီဆိုင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ထိုင်းနိုင်ငံဆိုင်ရာ သံတမန်များ၊ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ထိုင်းနိုင်ငံဆိုင်ရာ စစ်သံမှူးများနှင့် ထိုင်းအခြေစိုက် ပြည်ပမီဒီယာကိုယ်စားလှယ်များကို ဩဂုတ် ၁ ရက်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ Ubon Ratchathani ပြည်နယ်နှင့် Si Sa Ket ပြည်နယ်သို့ သွားရောက်၍ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခအလွန် အခြေအနေအား လေ့လာရန် ထိုင်းနိုင်ငံဘက်က စီစဉ်ခဲ့ကြောင်း ထိုင်းကြည်းတပ်၏ ယင်းနေ့သတင်းများအရ သိရသည်။

လေ့လာရေးအဖွဲ့သည် အချင်းဖြစ်နေရာ၌ ထိုင်းနိုင်ငံဘက်က နယ်စပ်အခြေအနေနှင့်စပ်လျဉ်းသည့် မိတ်ဆက်ပြောကြားချက်များကို နားထောင်ခဲ့ပြီး ပဋိပက္ခက ထိုင်းနိုင်ငံအရပ်သားပြည်သူများအပေါ် သက်ရောက်မှုအား ယင်းနေရာ၌ပင် အကဲဖြတ်ခဲ့ကြသည်။

ပဋိပက္ခကာလအတွင်း ထိုင်းနိုင်ငံဘက်က ဖမ်းဆီးထိန်းသိမ်းထားသည့် ကမ္ဘောဒီးယားစစ်သား ၂၀ ဦးနှင့်စပ်လျဉ်း၍ ထိုင်းစစ်တပ်ဘက်က လေ့လာရေးအဖွဲ့အား အဓိကထား ရှင်းလင်းပြောကြားခဲ့သည်။ ဩဂုတ် ၁ ရက်တွင် ကမ္ဘောဒီးယားစစ်သား ၂ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံဘက်က လူအခွင့်အရေးမူများအရ အခြားထိန်းသိမ်းခံထားရသူများကို သင့်လျော်ကောင်းမွန်စွာ ဆက်လက် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် မကြာသေးမီရက်များက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ နိုင်ငံအသီးသီး၏ စစ်သံမှူးများကို Chong An Ma ဒေသ၌ စစ်ဆေးကြည့်ရှုရန် ကမ္ဘောဒီးယားဘက်က စီစဉ်ခြင်းနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်အား ထိုင်းစစ်တပ်ဘက်က ပြောကြားခဲ့သည်။ ယင်းဒေသမှာ ထိုင်းနိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်ပြီး ကမ္ဘောဒီးယားဘက်က ယင်းဧရိယာကို ကျူးကျော်သိမ်းပိုက်ကာ နေအိမ်များ ပြုပြင်တည်ဆောက်၍ လူနေထိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါအစီအမံသည် ဖြစ်ရပ်မှန်နှင့် သွေဖည်နေပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။

ဇူလိုင် ၃၀ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ နိုင်ငံပေါင်း ၁၃ နိုင်ငံ၏ စစ်သံမှူးများကို ကမ္ဘောဒီးယားနိုင်ငံ Preah Vihear ပြည်နယ် An Ses နယ်စပ်စစ်ဆေးရေးဂိတ်၌ စစ်ဆေးလေ့လာကြည့်ရှုရန် ကမ္ဘောဒီးယားဘက်က စီစဉ်ခဲ့သည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင် ၂၄ ရက်မှစ၍ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ၏ ကြီးမှူးကျင်းပမှုဖြင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းနေ့ ည ၁၂ နာရီမှစ၍ “ချက်ချင်း၊ ခြွင်းချက်မရှိ” အပစ်ရပ်ရန် သဘောတူညီခဲ့ရာ နှစ်နိုင်ငံကြား ရက်အနည်းငယ်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများကို အဆုံးသတ်ခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်တွင် ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့သည့် ဓာတ်ဆီဆိုင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်တွင် ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့သည့် ဓာတ်ဆီဆိုင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်တွင် ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့သည့် လူနေအိမ်များအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒေသခံပြည်သူများ စုစည်းနေကြသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒေသခံပြည်သူများ စုစည်းနေကြသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
泰方组织多国驻泰使节、武官等考察泰柬边境冲突后局势
新华社曼谷8月1日电(记者陈倩慈 夏康静)据泰国陆军8月1日消息,泰国方面组织11国驻泰使节、23国驻泰武官及多家驻泰外媒代表,当日前往泰柬边境的乌汶府与四色菊府,考察泰柬边境冲突后局势。
考察团现场听取了泰方关于边境局势的情况介绍,并实地评估冲突对泰国平民造成的影响。
泰国军方重点向考察团澄清有关在冲突期间被泰扣押的20名柬埔寨士兵的问题。泰军方说,8月1日已有2名柬士兵被遣返,泰方将继续依据人权原则妥善照顾其余被扣押人员。
同时,泰军方还就日前柬方组织各国驻柬武官前往崇安玛地区视察一事陈述泰方立场。泰军方称该地区是泰国领土,柬方侵占该区域并修建房屋安置人员居住,这一举措歪曲了事实并违反了国际法。   7月30日,柬方组织13个国家驻柬武官在柬埔寨柏威夏省安塞边境检查站视察。
泰国和柬埔寨7月24日以来在两国边境地区发生冲突。在马来西亚总理安瓦尔主持下,泰柬两国28日举行会谈并同意从当日24时起“立刻且无条件”停火,结束两国持续数日的边境冲突。(完)
1,2, 3. 这是8月1日在泰国四色菊府拍摄的在冲突中被烧毁的加油站便利店。新华社发(拉亨摄)
4. 这是8月1日在泰国四色菊府拍摄的在冲突中受损的房屋。新华社发(拉亨摄)
5,6. 8月1日,当地民众聚集在泰国四色菊府的一处避难所。新华社发(拉亨摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.