Latin America
လူလာနှင့် မိုဒီ ဖုန်းဖြင့် ဆက်သွယ်၍ ဘရာဇီး-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးဆွေးနွေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းသွားမည်ဟု ထပ်မံပြောကြား

ဘရာဇီးလီးယား၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ဘရာဇီးသမ္မတ လူလာသည် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဩဂုတ် ၇ ရက်က ဖုန်းဖြင့် ဆက်သွယ်ကာ ဘရာဇီး-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးနှင့် လက်ရှိ နိုင်ငံတကာစီးပွားရေးအခြေအနေ၊ အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ နှစ်ဖက်အနေဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းရန် ထပ်မံအဆိုပြုခဲ့ပြီး နိုင်ငံတကာစီးပွားရေးစိန်ခေါ်မှုများကို တက်ကြွစွာ ရင်ဆိုင်ခြင်း၏ အရေးကြီးပုံအား အလေးထားပြောကြားခဲ့သည်။
ဘရာဇီးသမ္မတရုံး ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် ကြေညာချက်အရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဘရာဇီးနှင့် အိန္ဒိယ BRICS အလှည့်ကျဥက္ကဋ္ဌနိုင်ငံ လွှဲပြောင်းရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်သွားမည်ဖြစ်ပြီး ဘရာဇီး-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်သွားမည် ဖြစ်သည်ဟု အလေးထားပြောကြားခဲ့ကြကြောင်း သိရသည်။ ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်ရေးပမာဏကို ကန်ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးမြှင့်ရေး ကြိုးပမ်းရန်၊ ကမ္ဘာ့တောင်ဘက်ဘုံဈေးကွက်နှင့် အိန္ဒိယ၏ ကုန်သွယ်ရေးသဘောတူညီချက် လွှမ်းခြုံမှု အတိုင်းအတာကို ချဲ့ထွင်ရန် သဘောတူညီကြောင်း နှစ်ဖက်အနေဖြင့် ထပ်မံပြောကြားခဲ့သည်။
လူလာသည် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အိန္ဒိယသို့ နိုင်ငံတော်ခရီးစဉ်လာရောက်မည် ဖြစ်ကြောင်း၊ ဘရာဇီး ဒုတိယ သမ္မတ Geraldo Alckmin က ယခုနှစ် အောက်တိုဘာလတွင် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အိန္ဒိယသို့ သွားရောက်ကာ နှစ်ဖက်က ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်၊ အရေးကြီးသတ္တု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၃၀ ရက်တွင် အမိန့်တစ်ရပ် လက်မှတ်ထိုးကာ ဩဂုတ် ၆ ရက်မှစ၍ အမေရိကန်သို့ တင်သွင်းသည့် ဘရာဇီးထုတ်ကုန်ပစ္စည်းများအပေါ် ပစ္စည်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ခံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းအစီအမံအသက်ဝင်ပြီးနောက် အမေရိကန်သို့ တင်သွင်းသည့် ဘရာဇီးထုတ်ကုန်ပစ္စည်း အများအပြား၏ စည်းကြပ်ခွန်မှာ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားမည်ဖြစ်သည်။ အမေရိကန်၏ စည်းကြပ်ခွန် စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် ဘရာဇီးအနေဖြင့် ထွန်းသစ်စ စီးပွားရေးအစုအဖွဲ့များနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း လူလာက ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
卢拉与莫迪通话讨论深化巴印合作 重申捍卫多边主义
新华社巴西利亚8月7日电(记者吴昊)巴西总统卢拉7日与印度总理莫迪通电话,讨论深化巴印两国合作以及当前国际经济形势、美国单边关税举措等多项议题。双方重申捍卫多边主义,强调积极应对国际经济挑战的重要性。
根据巴西总统府网站发布的公告,两国领导人讨论了巴西同印度交接金砖国家轮值主席国相关事宜,并强调将继续加强合作,提升巴印战略伙伴关系。双方重申,力争到2030年将双边贸易额提升至200亿美元,并同意扩大南方共同市场与印度的贸易协定覆盖范围。
公告说,卢拉将于2026年初对印度进行国事访问;巴西副总统阿尔克明将于今年10月率团前往印度,就双方在贸易、国防、能源、关键矿产等领域的合作进行磋商。
美国总统特朗普7月30日签署行政令宣布,8月6日起对巴西输美产品加征40%从价关税。该措施生效后,大部分巴西输美产品面临的关税税率高达50%。卢拉6日表示,为应对美国关税挑战,巴西将寻求与新兴经济体团结合作。(完)
1. 2025年7月8日,在巴西首都巴西利亚,印度总理莫迪(左)和巴西总统卢拉出席仪式。新华社/法新