Connect with us

International Organizations

နျူကလီးယားလုံခြုံမှုကို ခြိမ်းခြောက်သည့် မည်သည့်စစ်ရေးလှုပ်ရှားမှုမဆို လက်ခံနိုင်ဖွယ်မရှိဟု IAEA ညွှန်ကြားရေးမှူးချုပ် ဆို

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပသော ၆၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အစည်းအဝေး၌ IAEA ညွှန်ကြားရေးမှူးချုပ် Rafael Grossi အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ မေ ၁၈ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် Rafael Grossi က မေ ၁၇ ရက်တွင် ယူအေအီးနိုင်ငံ Barakah နျူကလီးယားဓာတ်အားပေးစက်ရုံ ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း၊ နျူကလီးယားလုံခြုံမှုကို ခြိမ်းခြောက်သည့် မည်သည့်စစ်ရေးလှုပ်ရှားမှုမဆို လက်ခံနိုင်ဖွယ်မရှိဟု ၎င်းက ဆိုကြောင်း IAEA က ထိုနေ့တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
မည်သည့်နျူကလီးယားဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက်တွင်မဆို စစ်ရေးအရ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ပြီး နျူကလီးယားမတော်တဆဖြစ်မှု ဖြစ်ပွားခြင်းအား ရှောင်ကြဉ်ရမည်ဟု ကြေညာချက်က ဆိုထားသည်။
ယူအေအီးဘက် သတင်းဖော်ပြချက်အရ ဒရုန်းတိုက်ခိုက်မှုကြောင့် Barakah နျူကလီးယား ဓာတ်အားပေးစက်ရုံ အတွင်းပိုင်း၏ အပြင်ဘက်ခြမ်းရှိ ဓာတ်အားပေးစက်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း၊ လက်ရှိတွင် အရေးပေါ်သုံး ဒီဇယ်ဓာတ်အားပေးစက်သည် နျူကလီးယားဓာတ်အားပေးစက်ရုံ အမှတ် (၃) စက်အုပ်စုအတွက် ဓာတ်အားပံ့ပိုးပေးလျက်ရှိကြောင်း၊ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ရေဒီယိုသတ္တိကြွမှုအဆင့်သည် ပုံမှန်အခြေအနေတွင် ထိန်းသိမ်းထားကြောင်း သိရသည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
ထို့ပြင် ယူအေအီးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ မေ ၁၇ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ ယူအေအီးနိုင်ငံ လေကြောင်းကာကွယ်ရေးစနစ်သည် ထိုနေ့တွင် နိုင်ငံအနောက်ဘက်ခြမ်း နယ်စပ်ဒေသဘက်မှ ယူအေအီးနိုင်ငံ ဝေဟင်ပိုင်နက်သို့ ဝင်ရောက်လာသည့် ဒရုန်း ၃ စင်းအား တားဆီးမှု လုပ်ဆောင်ခဲ့ပြီး ၎င်းအနက် ၂ စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း၊ အခြားတစ်စင်းကမူ Barakah နျူကလီးယား ဓာတ်အားပေးစက်ရုံ အပြင်ဘက်ခြမ်းရှိ ဓာတ်အားပေးစက်တစ်လုံးအား ထိမှန်ခဲ့ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာဌာနများက ယခုအကြိမ်တိုက်ခိုက်မှု အရင်းအမြစ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်မှုမှန်သမျှအား ကိုင်တွယ်စီမံရန်အတွက် ယူအေအီး လက်နက်ကိုင်တပ်ဖွဲ့က ဘက်စုံအသင့်ပြင်အနေအထား၌ ရှိနေကြောင်းလည်း သိရသည်။
Barakah နျူကလီးယား ဓာတ်အားပေးစက်ရုံသည် ယူအေအီးနိုင်ငံ၏ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

——————
(Chinese Version)
格罗西说任何威胁核安全的军事活动都不可接受
新华社维也纳5月17日电(记者孟凡宇)国际原子能机构17日在社交媒体上发表声明说,国际原子能机构总干事格罗西对阿联酋巴拉卡核电站当天遭无人机袭击表示严重关切。他说,任何威胁核安全的军事活动都是不可接受的。
声明说,格罗西强调,在任何核电站附近都应保持最大限度的军事克制,避免发生核事故。
声明说,据阿联酋方面通报,无人机袭击导致巴拉卡核电站内部区域外围一台发电机起火,但未造成人员伤亡。目前,应急柴油发电机正在为核电站3号机组供电,核电站辐射水平保持正常。
另据阿联酋国防部17日发表的声明,阿联酋防空系统当天对从西部边境方向进入阿联酋领空的3架无人机进行了拦截,其中2架被成功击落,另一架击中巴拉卡核电站外围的一处发电机。目前,有关部门正在调查此次袭击的来源。阿联酋武装部队处于全面戒备状态,以应对任何针对国家安全与稳定的威胁。
巴拉卡核电站是阿联酋首座核电站,2020年8月投入运营。(完)
图说:2025年9月15日,在奥地利维也纳,国际原子能机构总干事格罗西在国际原子能机构第69届大会上致辞。新华社记者 贺灿铃 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117