Connect with us

China

ယူ ၂၀ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲတွင် တရုတ်က ကမ္ဘောဒီးယားကို နှစ်နှစ်ဆက်တိုက် အနိုင်ရရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရင်ချွမ်းမြို့တွင် ၂၀၂၅ သြဂုတ် ၆ ရက်က ကျင်းပသည့် အေအက်ဖ်စီ ယူ၂၀ အမျိုးသမီးအာရှဖလား ခြေစစ်ပွဲ၌ တရုတ်နှင့် ဆီးရီးယားအသင်းတို့၏ အုပ်စု E ပွဲစဉ်တွင် တရုတ်အသင်းအား အားပေးနေကြသော ပရိသတ်များအား တွေ့ရစဥ် (ဆင်ဟွာ)

ရင်ချွမ်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ ၂၀ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် တရုတ်နိုင်ငံ ရင်ချွမ်းမြို့တွင် သြဂုတ် ၈ ရက်၌ ကျင်းပခဲ့ သည့် ဒုတိယအကျော့ အုပ်စု E ခြေစစ်ပွဲတွင် တရုတ်အသင်းက ကမ္ဘောဒီးယားအသင်းကို ၇-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းမှာ နှစ်နှစ်ဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူကျားယွိက ပွဲချိန် ၇ မိနစ်နှင့် ၁၄ မိနစ်တို့တွင် ခေါင်းတိုက်သွင်းယူခဲ့ပြီး ပွဲချိန်တစ်ဝက်၌ တရုတ်အသင်းအား ၂-၀ နှင့် ဦးဆောင်စေခဲ့သည်။ နားချိန်အပြီးတွင် တတိယဂိုးကို ဝမ်အိုက်ဖောင်းက အလွတ်ကန်သွင်းခဲ့ကာ စတုတ္ထဂိုးကို ကျိန့်လုက အနီးကပ် ကန်သွင်းခဲ့ပြီး ကျန်းရိချန်းက နောက်ထပ် ၂ ဂိုး ထပ်မံသွင်းယူကာ အဆုံးသတ်ဂိုးကို ရှောင်းရာဖေးက ကန်သွင်းခဲ့သည်။
၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးနောက် ပထမပိုင်းတွင် အသင်း၏စွမ်းဆောင်ရည်မှာ လက်ခံနိုင်ဖွယ်မရှိသော်လည်း ဒုတိယပိုင်း၌မူ အသင်းအနေဖြင့် မျှော်လင့်ထားသည့်အတိုင်း ခွန်အားနှင့် စွမ်းအင်များကို ပြသခဲ့ကြောင်း တရုတ်အသင်းနည်းပြချုပ် ကောလင်းဘဲလ်က ပြောကြားခဲ့သည်။
အစောပိုင်းက အုပ်စု E တွင် လက်ဘနွန်က ဆီးရီးယားကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ခြေစစ်ပွဲများတွင် အုပ်စုရှစ်စုပါဝင်ပြီး အုပ်စုအနိုင်ရအသင်းများနှင့် အကောင်းဆုံးအသင်းသုံးသင်းတို့က ဖိုင်နယ်ပွဲသို့ တက်လှမ်းရမည်ဖြစ်သည်။
တရုတ်အသင်းသည် ၎င်း၏ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဩဂုတ် ၁၀ ရက်တွင် လက်ဘနွန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China thrashes Cambodia for second straight win in U20 Women’s Asian Cup qualifier

YINCHUAN, Aug. 8 (Xinhua) — China routed Cambodia 7-0 here on Friday in the second-round Group E qualifier for the 2026 AFC U20 Women’s Asian Cup, securing back-to-back victories.

Lu Jiayu scored a brace of headers in the 7th and 14th minutes, giving China a 2-0 lead at halftime. After the interval, Wang Aifang curled in a free kick, Zheng Lu finished from close range, Zhang Yiqian added two more, and Xiao Yafei scored in stoppage time to seal the win.

China head coach Colin Bell noted that after establishing a 2-0 lead, the team’s performance in the first half was unacceptable, but said that in the second half, the team had displayed their expected strength and energy.

Earlier, in Group E, Lebanon defeated Syria 2-1.

The qualifiers comprise eight groups, with the group winners and the three best runners-up advancing to the tournament finals.

On August 10, China will face Lebanon in its final group match. ■

Supporters of team China celebrate a goal during the Group E football match between China and Syria at the AFC U20 Women’s Asian Cup Qualifiers in Yinchuan, northwest China’s Ningxia Hui Autonomous Region, Aug. 6, 2025. (Photo by Gao Xiaogang/Xinhua)