Connect with us

Asia

ကာဇက်စတန်လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီလာစေရန် AI ယူနစ် ဖွဲ့စည်း တည်ထောင်

ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့ရှိ အက်စတာနာမြို့လယ်ဗဟိုနေရာကို ရိုက်ကူးထားသည့် ဓါတ်ပုံအား ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်က မြင်တွေ့ရစဥ် (ဆင်ဟွာ)

အဲလ်မာတီ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်ရည်မှန်းပြီး အထူးပြုဉာဏ်ရည်တုနည်းပညာ(AI) ယူနစ်တစ်ခုကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ကာဇက်စတန် ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက်က ကြေညာခဲ့သည်။
တိုက်ခိုက်ရေးအခြေအနေများအတွင်း အချိန်နှင့်တပြေးညီဖြစ်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး၊ စစ်ဆင်ရေးပုံစံများကို စံမံရေးဆွဲခြင်း၊ အလိုအလျှောက်အမိန့်ပေးမှုစနစ်၊ big data များအား သုတေသနပြုမှု အစရှိသည့် AI ပိုင်းဆိုင်ရာ ဖြေရှင်းမှုများတိုးတက်လာရန် အဆိုပါယူနစ်မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနအရ သိရသည်။
အဆိုပါ ယူနစ်မှာ ပြည်တွင်းနှင့် နိုင်ငံတကာသုတေသနစင်တာများ၊ တက္ကသိုလ်များနှင့် IT ကုမ္ပဏီများ နှင့် လက်တွဲလုပ်ကိုင်မည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ AI အပလီကေးရှင်းများအတွက် အမျိုးသား အဆင့် မူဘောင်တစ်ရပ် တိုးမြှင့်ဖော်ဆောင်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးစနစ်များအတွက် AI နည်းပညာများကို ပေါင်းစပ်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ပဏာမခြေလှမ်းတစ်ရပ်အနေဖြင့် ဝန်ကြီးဌာနက အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာရပ်များ ဖော်ဆောင်နိုင်ရေးအတွက် အရာရှိများနှင့်သုတေသနပြုလုပ်သူများကို လေ့ကျင့်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
“ဒီအရွေ့ဟာ စစ်ရေးစွမ်းရည်တွေနဲ့ လုံခြုံရေးစနစ်တွေကို အဆင့်မြှင့်တင်ပေးမယ့် AI ကာကွယ်ရေးစနစ် အတွက် အုတ်မြစ်ချမှုဖြစ်ပါတယ်” ဟုလည်း ကာဇက်စတန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ (Xinhua)
………………………
(English Version)
Kazakhstan sets up AI unit to modernize armed forces
ALMATY, Aug. 19 (Xinhua) — Kazakhstan’s Defense Ministry on Monday announced the establishment of a specialized artificial intelligence (AI) unit aimed at accelerating the digital transformation of the country’s armed forces.
According to the ministry, the unit will develop AI solutions for big data analysis, automated command systems, operational modeling and real-time decision-making in combat situations.
The unit will work with domestic and international research centers, universities and IT companies to integrate AI technologies into defense systems and promote a national framework for military AI applications.
As part of the initiative, the ministry will also train officers and analysts in advanced digital technologies.
“This move lays the foundation for a modernized defense system where AI enhances operational efficiency and security,” the ministry said.
Photo:
This photo taken on June 29, 2024 shows a view of Astana’s central axis, in Astana, Kazakhstan. (Xinhua/Yu Dongsheng)