Connect with us

International Organizations

လာလီဂါ အဖွင့်ပွဲစဉ်၌ အနိုင်ရရှိခဲ့သည့်အပေါ် ကျေနပ်အားရမှုရှိကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆို ပြော

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အိုဆာဆူနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆို (ဝဲ) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
အိုဆာဆူနာအသင်းအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ၂၀၂၅-၂၀၂၆ လာလီဂါဘောလုံးရာသီအား အနိုင်ရလဒ်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ယင်းအပေါ် ကျေနပ်အားရမှုရှိကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီ အလွန်ဆိုက ပြောကြားခဲ့သည်။
ဒုတိယပိုင်း ပွဲချိန်အစောပိုင်းတွင် ကီလီယန် အမ်ဘာပေ၏ ပင်နယ်တီသွင်းဂိုးက အဆိုပါပွဲစဉ်အတွက် အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ကျဉ်းမြောင်းသော ရလဒ်ဖြင့်သာ အနိုင်ရရှိခဲ့သော်လည်း အိုဆာဆူနာ၏ တိုက်စစ်အား အခွင့်အရေးမပေးရအောင် ထိန်းချုပ်နိုင်ခဲ့သည့် စွမ်းဆောင်ရည်အပေါ် ကျေနပ်မိကြောင်း၊ မိမိ၏ အသင်းမှာ ယခုနွေရာသီက အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်သာ စုစည်းလေ့ကျင့်ချိန် ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အရေးအကြီးဆုံး အရာဖြစ်တဲ့ ရလဒ်ကနေစပြီးကြည့်ရင် အပြုသဘောဆောင်တဲ့ အရာတွေရှိပါတယ်။ အိုဆာဆူနာက ရာသီကြိုလေ့ကျင့်ပြင်ဆင်ဖို့ အချိန်ပိုရခဲ့ပြီး အဲဒါက မြင်သာထင်သာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
“ကောင်းတဲ့အရာတွေရှိသလို ကျွန်တော်တို့ တိုးတက်ဖို့လိုသေးတဲ့ အရာတွေလည်းရှိပါတယ်” ဟု အလွန်ဆိုက ပြောကြားခဲ့ပြီး မိမိ၏ ကစားသမားများအနေဖြင့် final third ဇုန်တွင် လန်းဆန်းတက်ကြွမှု ကင်းမဲ့နေသည့်အတွက် ပိုင်ပိုင်နိုင်နိုင် အခွင့်အရေးများကို ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ချိန်ညှိပြင်ဆင်နေရသည့် အခြေအနေတွင် ရှိနေသော်လည်း နိုင်ပွဲရရှိခဲ့သည့်အတွက် စိတ်သက်သာရာရခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့အတူ အိမ်ကွင်း၌ ပွဲဦးထွက်‌ ပါဝင်ကစားခဲ့သည့် ဒင်းဟူဆန်၊ ထရန့် အလက်ဇန်းဒါး အာနိုးလ်၊ အယ်လ်ဗာရို ကာရေးရက်စ်၊ ဖရန်ကို မာစတန်တူနိုတို့၏ ခြေစွမ်းကိုလည်း အားရကျေနပ်မိကြောင်း ၎င်းက ဆိုသည်။
“သူတို့ဟာ ကောင်းမွန်ပြီး လက်ခံနိုင်လောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြခဲ့ပြီး အာရုံစူးစိုက်ပြီးကစားခဲ့ပါတယ်။ အမှားလုပ်ခဲ့တာ မရှိသလို စိုးရိမ်နေတာမျိုးလည်း မရှိပါဘူး။ အပြုသဘောဆောင်တဲ့ လက္ခဏာတွေကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ဘာနေဗျူးကွင်းသစ်ကြီးထဲကို ပြန်လာရတဲ့အတွက် သိပ်ပျော်ပါတယ်” ဟု အလွန်ဆိုက ပြောသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အိုဆာဆူနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမားများ ပွဲမစတင်မီ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အိုဆာဆူနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Alonso expects more after Real Madrid’s opening win
MADRID, Aug. 20 (Xinhua) — Real Madrid coach Xabi Alonso has expressed satisfaction after his side kicked off its 2025-26 La Liga campaign with a 1-0 home win over Osasuna.
Kylian Mbappe’s penalty early in the second half decided the game, but despite the narrow margin of victory, Alonso was pleased with a display that limited Osasuna’s options in attack, and noted that his side had only been together for a couple of weeks after having competed in the FIFA World Club Cup in the United States this summer.
“There are positives, starting with the result, which is the most important thing. Osasuna has had more time for preseason, and it showed,” he said.
“There were good things and others that we need to improve,” added Alonso, while also admitting his players “lacked freshness in the final third, and we struggled to create clear chances. We’re in that fine-tuning phase, but the win gives you peace of mind.”
The coach also expressed satisfaction with the displays of Dean Huijsen, Trent Alexander-Arnold, Alvaro Carreras and Franco Mastantuono on their home debuts.
“They had good, decent performances; they played seriously, didn’t make mistakes, and weren’t nervous. I’ve seen positive things. And I’m very happy to be back at this new Bernabeu,” said Alonso. ■
English Caption 1
Xabi Alonso (L), coach of Real Madrid reacts during the La liga football match between Real Madrid and CA Osasuna in Santiago Bernabeu Stadium, Madrid, Spain, on Aug. 19, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Starting line-up of Real Madrid pose for photos during the La liga football match between Real Madrid and CA Osasuna in Santiago Bernabeu Stadium, Madrid, Spain, on Aug. 19, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Kylian Mbappe of Real Madrid celebrates a goal during the La liga football match between Real Madrid and CA Osasuna in Santiago Bernabeu Stadium, Madrid, Spain, on Aug. 19, 2025. (Photo by Gustavo Valiente/Xinhua)