Connect with us

International Organizations

အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆင်နာ ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး Career Golden Masters အောင်မြင်မှုကို ရယူနိုင်ခဲ့

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၇ ရက်က အီတလီနိုင်ငံမှ ဂျန်းနစ်ခ် ဆင်နာနှင့် နော်ဝေနိုင်ငံမှ ကက်စပါ ရုဒ်တို့ ယှဉ်ပြိုင်ခဲ့သည့် ATP အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ဂျန်းနစ်ခ် ဆင်နာ ဆုဖလားနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ရောမ၊ မေ ၁၈ ရက် (ဆင်ဟွာ)

မေ ၁၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်၌ ကမ္ဘာ့အဆင့်-၁ ဂျန်းနစ်ခ် ဆင်နာက ကက်စပါ ရုဒ် (ဆီဒင်- ၂၃) ကို ပွဲကစားချိန် ၁ နာရီနှင့် ၄၅ မိနစ်အတွင်း ၆-၄၊ ၆-၄ ဖြင့် အနိုင်ယူကာ ၎င်းအတွက် ပထမဆုံး အီတလီအိုးပင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲသမိုင်းတစ်လျှောက် Career Golden Masters အောင်မြင်မှုကို ရယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ရုဒ်က ရှင်းလင်းတိကျသည့် နည်းစနစ်ပိုင်း ချဉ်းကပ်မှုဖြင့် ပွဲကိုစတင်ခဲ့ပြီး အချိန်ကြာမြင့်သည့် သူတစ်ပြန်ကိုယ်တစ်ပြန် ရိုက်ချက်များနှင့် ပိုက်ကျော်ရုံလောက်သာ ကပ်ချသည့် ရိုက်ချက်များကို အသုံးပြု၍ ဆင်နာ၏ ကြံ့ခိုင်မှုကို စမ်းသပ်ခဲ့သည်။ အဆိုပါ နော်ဝေကစားသမားက ဒုတိယပွဲငယ်တွင် ပြိုင်ဘက်စပေးဘောမှ စောစောစီးစီး အမှတ်ယူနိုင်ခဲ့ပြီး ၂-၀ ဖြင့် ဦးဆောင်ထားခဲ့သည်။

သို့သော် ဆင်နာက တဖြည်းဖြည်း ပုံမှန်လက်စွမ်းပြန်ရလာခဲ့ပြီး ကစားသမားနှစ်ဦးမှာ အဆုံးအဖြတ်ဖြစ်သည့် ပွဲငယ် ၉ ပွဲမြောက်မတိုင်မီ ၄-၄ မှတ်စီ တူညီနေခဲ့သည်။ အဆိုပါ အီတလီတင်းနစ်ကစားသမားက ပညာသားပါသော drop shot ရိုက်ချက်များကို အကြိမ်ကြိမ်အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် အရေးပါသည့် break point ရခဲ့ပြီးနောက် စပေးဘောရိုက်ချက်ဖြင့် ပွဲသိမ်းကာ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။

ဒုတိယပွဲလတ်တွင် ဆင်နာက ပထမစပေးဘောများမှ အမှတ်ယူနိုင်စွမ်း ပိုကောင်းလာခဲ့ပြီး ပထမဆုံးပွဲငယ်၌ ဘေးစည်းနားတည့်တည့်သို့ လက်ပြန်ရိုက်ချက်သုံးကာ ရုဒ်၏ စပေးဘောမှ အမှတ်ယူနိုင်ခဲ့သည်။ ထို့နောက် ကမ္ဘာ့အဆင့်-၁ ကစားသမားက ကွင်း၏နောက်စည်းနားကို အခြေပြုကာ ဆက်လက်ဖိအားပေးခဲ့သော်လည်း ပွဲငယ် ၈ ပွဲမြောက်တွင် ခေါင်းပေါ်မှကျော်၍ အပြင်းရိုက်ချက်မှာ လိုရာမရောက်ခဲ့သဖြင့် ရုဒ်ကို break point ပေးခဲ့ရပြီးနောက် ပွဲမှာအကြိတ်အနယ် ရှိလာခဲ့သည်။ သို့သော် ဆင်နာက ပြိုင်ဘက်အနိုင်မရအောင် ဟန့်တားနိုင်ခဲ့ပြီး ၎င်း၏စပေးဘောအလှည့်တွင် အမှတ်ယူကာ အသာရမှုကို ထိန်းထားနိုင်ခဲ့သည်။ ထို့နောက် ၎င်းက လက်သင့်ရိုက်ချက်ဖြင့် ပွဲသိမ်းကာ ၆-၄ ဖြင့် ထပ်မံအနိုင်ရခဲ့သည်။

အဆိုပါ အနိုင်ရလဒ်ကြောင့် ဆင်နာမှာ နိုဗက် ဂျိုကိုဗစ်နောက်ပိုင်း ATP Masters 1000 ဆုဖလား ကိုးခုလုံးကို ဆွတ်ခူးနိုင်ခဲ့သည့် ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် Masters 1000 ပြိုင်ပွဲ ခြောက်ပွဲဆက် ချန်ပီယံဖြစ်ခဲ့သည့် ပထမဆုံးကစားသမား အဖြစ်သာမက ၁၉၇၆ ခုနှစ်နောက်ပိုင်း ရောမတွင် အမျိုးသားတစ်ဦးချင်း ချန်ပီယံဖြစ်ခဲ့သည့် ပထမဆုံး အီတလီ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

“ကျွန်တော် ပွဲကို အကောင်းဆုံး စတင်နိုင်ခြင်းမရှိပေမဲ့ တတ်နိုင်သလောက် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်ဖို့ ကြိုးစားခဲ့တယ်” ဟု ပွဲအပြီးတွင် ဆင်နာက ပြောသည်။

၎င်း တင်းနစ်ကစားနေသည့် အကြောင်းရင်းနှင့် ပြီးပြည့်စုံသည့် အောင်မြင်မှုကို ရယူရန် ရောမမြေက အကောင်းဆုံးဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိထားသည်ဟု ပြောကြားခဲ့ကာ အီတလီအိုးပင်းပြိုင်ပွဲကိုလည်း အီတလီကစားသမားများအတွက် အထူးခြားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ညွှန်းဆိုခဲ့သည်။

အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲ၌ အိမ်ရှင်အီတလီ ကစားသမားများဖြစ်သည့် ဆီမိုနီ ဘိုလယ်လီနှင့် အန်ဒရေ ဗာဗက်ဆိုရီတို့အတွဲက ဆီဒင်-၂ မာဆယ် ဂရန်နိုလာစ်နှင့် ဟော်ရာစီယို ဇီဘလော့စ်တို့အတွဲကို ၇-၆ (၈)၊ ၆-၇ (၃)၊ ၁၀-၃ ဖြင့် အနိုင်ယူကာ ၆၆ နှစ်အတွင်း ရောမတွင် အမျိုးသားနှစ်ယောက်တွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး အီတလီကစားသမားများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အစောပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲ၌ ရုရှားတင်းနစ်မယ်နှစ်ဦးဖြစ်သည့် မီယာရာ အန်ဒရေဗာနှင့် ဒိုင်ယာနာ ရှနိုက်ဒါတို့က ခရစ္စတီနာ ဘူဆာနှင့် နစ်ကိုး မယ်လစ်ချာ မာတီနက်ဇ်တို့အတွဲကို ၆-၃၊ ၆-၃ ဖြင့် အနိုင်ယူကာ တတိယမြောက် အသင်းလိုက်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၇ ရက်က အီတလီနိုင်ငံမှ ဂျန်းနစ်ခ် ဆင်နာနှင့် နော်ဝေနိုင်ငံမှ ကက်စပါ ရုဒ်တို့ ယှဉ်ပြိုင်ခဲ့သည့် ATP အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် အနိုင်ရပြီးနောက် ဂျန်းနစ်ခ် ဆင်နာ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၇ ရက်က အီတလီနိုင်ငံမှ ဂျန်းနစ်ခ် ဆင်နာနှင့် နော်ဝေနိုင်ငံမှ ကက်စပါ ရုဒ်တို့ ယှဉ်ပြိုင်ခဲ့သည့် ATP အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအပြီးတွင် ပရိသတ်များကို အမှတ်တရလက်မှတ်ထိုးပေးနေသည့် အီတလီတင်းနစ်ကစားသမား ဂျန်းနစ်ခ် ဆင်နာ (ယာ-ဒုတိယ) အား တွေ့ရစဉ် (ဆင်ဟွာ)

……………………………………….

(English Version)

Sinner wins Italian Open to complete Career Golden Masters

ROME, May 17 (Xinhua) — World No. 1 Jannik Sinner defeated 23rd seed Casper Ruud 6-4, 6-4 in one hour and 45 minutes in the men’s singles final at the Italian Open on Sunday, capturing his maiden Rome title and becoming the youngest player in history to complete the Career Golden Masters.

Ruud opened the match with a clear tactical approach, using extended rallies and frequent drop shots to test Sinner physically. The Norwegian earned an early break in the second game to move ahead 2-0.

Sinner gradually settled into the match and the two players remained level at 4-4 before the decisive ninth game. The Italian repeatedly used delicate drop shots to win points and eventually secured the crucial break before serving out the set 6-4.

Sinner raised his first-serve percentage in the second set, breaking Ruud in the opening game with a backhand down-the-line winner. The world No. 1 continued to apply pressure from the baseline, but faced a tense moment in the eighth game when an overhead error handed Ruud a break point. Sinner saved it and held serve to maintain his advantage. He later sealed the victory with a forehand winner to close out another 6-4 set.

With the win, Sinner became only the second player after Novak Djokovic to win all nine ATP Masters 1000 titles. He also became the first player in history to win six consecutive Masters 1000 tournaments, and the first Italian men’s singles champion in Rome since 1976.

“Not starting the match in a perfect way, but I tried to stay as calm as possible mentally,” Sinner said after the match.

He added that he knew exactly what he was playing for and that there was “no better place” than Rome to complete the achievement, describing the Italian Open as one of the most special tournaments for Italian players.

In the doubles final, home pair Simone Bolelli and Andrea Vavassori defeated second seeds Marcel Granollers and Horacio Zeballos 7-6 (8), 6-7 (3), 10-3 to become the first Italian men’s doubles champions in Rome in 66 years.

Earlier in the women’s doubles final, Russian pair Mirra Andreeva and Diana Shnaider beat Cristina Bucsa and Nicole Melichar-Martinez 6-3, 6-3 to claim their third title as a team.

English Caption 1

Jannik Sinner poses with the trophy at the awarding ceremony for the men’s singles final between Jannik Sinner of Italy and Casper Ruud of Norway at the ATP Italian Open in Rome, Italy, May 17, 2026. (Xinhua/Li Jing)

English Caption 2

Jannik Sinner celebrates after winning the men’s singles final between Jannik Sinner of Italy and Casper Ruud of Norway at the ATP Italian Open in Rome, Italy, May 17, 2026. (Xinhua/Wang Kaiyan)

English Caption 3

Jannik Sinner (2nd R) of Italy signs for the fans after the men’s singles final between Jannik Sinner of Italy and Casper Ruud of Norway at the ATP Italian Open in Rome, Italy, May 17, 2026. (Xinhua/Li Jing)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117