International Organizations
ဆန်းတို့စ် အသင်းကိုတာဝန်ယူရန် ဗို့ဂျ်ဗိုဒါ ရောက်ရှိ

ရီယိုဒီဂျနေးရိုး၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
အာဂျင်တီးနား မန်နေဂျာ ဂျူအန်ပါဘလိုဗို့ဂျ်ဗိုဒါသည် ဆန်းတို့စ်အသင်းကို တာဝန်ယူရန် သြဂုတ် ၂၃ ရက်က ရောက်ရှိလာကြောင်းသိရသည်။ ယခု အပြောင်းအရွှေ့သည် ၎င်း၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အကြီးမားဆုံး ပြောင်းရွှေ့မှု အဖြစ် ဖော်ပြခဲ့သည်။
Guarulhos နိုင်ငံတကာလေဆိပ်တွင် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ လက်ထောက်နည်းပြဖြစ်သူ နာဟူးမာတီနက်ဇ်နှင့်အတူ ဗျူနို့စ်အေရီးမှ ရောက်ရှိလာသည့် ဂျူအန်ပါဘလို ဗို့ဂျ်ဗိုဒါက အသင်းနှင့် လက်မှတ်ထိုးပြီးချိန်မှစ၍ ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့် အလုပ်အကိုင်အတွက် အကြီးဆုံးသော စိန်ခေါ်မှုတစ်ရပ်ပါ” ဟု အသက် ၅၀ နှစ်အရွယ် ၎င်းက ပြောကြားခဲ့သည်။ “ဆန်းတို့စ်ဆိုတာ ကမ္ဘာအနှံ့က သိကြတဲ့ အသင်းတစ်သင်းပါ၊ ဂုဏ်ယူဝမ်းမြောက်ကြောင်း မက်ဆေ့ချ် အများအပြား ကျွန်တော် လက်ခံရရှိခဲ့ပါတယ်၊ ကျွန်တော့် မိသားစုအတွက်ရော အလုပ်အကိုင် အတွက်ပါ ကြီးမားတဲ့ပီတိ ဖြစ်စရာပါပဲ” ဟု ၄င်းက ပြောဆိုခဲ့သည်။
၂၀၂၆ ခုနှစ် ဒီဇင်ဘာအထိ အလုပ်လုပ်ရန် ဗို့ဂျ်ဗိုဒါနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆန်းတို့စ်အသင်းက သြဂုတ် ၂၂ ရက်၌ အတည်ပြုခဲ့သည်။
လွန်ခဲ့သည့် သြဂုတ် ၁၇ ရက်က ဆန်းတို့စ်အသင်းသည် ဗာစကိုဒဂါးမားအသင်းကို အိမ်ကွင်းတွင် ၆-၀ ဖြင့် ရှုံးနိမ့် ပြီးနောက် မန်နေဂျာ ကလီဗာဇာဗီယာကို ထုတ်ပယ်ခဲ့ချိန်ကစပြီး အသင်း၌ နည်းပြ မရှိဘဲလစ်လပ်နေခဲ့ခြင်း ဖြစ်သည်။
ဗို့ဂျ်ဗိုဒါသည် ဖော်တာလီဇာ အသင်းတွင် နည်းပြအဖြစ်နောက်ဆုံးလုပ်ကိုင်ခဲ့ပြီး လေးနှစ်ကျော်အကြာ ဇူလိုင်၌ လမ်းခွဲခဲ့ခြင်းဖြစ်သည်။
ဆန်းတို့စ်အသင်းအတွက် ၎င်း၏ ပထမဆုံးပွဲအဖြစ် သြဂုတ် ၃၁ ရက်တွင် ဖလူမီးနိစ် နှင့် အိမ်ကွင်း၌ တွေ့ဆုံ ရမည်ဖြစ်သည်။ (Xinhua)
……………………..
(English Version)
Vojvoda arrives to assume Santos job
RIO DE JANEIRO, Aug. 23 (Xinhua) — Argentine manager Juan Pablo Vojvoda arrived in Sao Paulo on Saturday to take charge of Santos, describing the move as the biggest of his career.
Meeting reporters at Guarulhos international airport, where he landed from Buenos Aires alongside assistant coach Nahuel Martinez, Vojvoda spoke for the first time since signing with the club.
“It’s the biggest challenge of my career,” the 50-year-old said. “Santos is a team that is recognized worldwide. I’ve been receiving many congratulatory messages, so this is a great source of pride for me, for my career, and for my family as well,” he said.
On Friday, Santos confirmed that it reached an agreement with Vojvoda that runs until December 2026.
The club’s head coaching role had been vacant since last Sunday, when Cleber Xavier was sacked following a 6-0 home loss to Vasco da Gama.
Vojvoda’s last coaching job was with Fortaleza, with whom he parted ways after more than four years in July.
His first match in charge of Santos will be a home clash with Fluminense on August 31.
Photo : Neymar (c) reacting after the match against Fluminense at Maracana Stadium in Rio de Janeiro, Brazil, April 13, 2025. (Xinhua/Claudia Martini)