Connect with us

North America

အမေရိကန် အိမ်ဖြူတော်က နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူ၍ သေနတ်ပစ်ခတ်မှုအတွင်း ထိခိုက်နစ်နာသူများအတွက် ဝမ်းနည်းပူဆွေးကြောင်း အထိမ်းအမှတ်ပြုမည်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူ၍ သေနတ်ပစ်ခတ်မှုအတွင်း ထိခိုက်နစ်နာသူများအတွက် ဝမ်းနည်းပူဆွေးကြောင်း အထိမ်းအမှတ်ပြုနေသည်ကို ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့၌ ကျောင်းသားများကို ပစ်မှတ်ထားသော သေနတ်ပစ်ခတ်မှုတစ်ခု ဒေသစံတော်ချိန် ဩဂုတ် ၂၇ ရက်တွင် ဖြစ်ပွားခဲ့သည်။ အသက် ၈ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးနှစ်ဦးသည် အချင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၆ နှစ်မှ ၁၅ နှစ်အကြား ကလေး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ကက်သလစ်ဘာသာ ဝတ်ပြုဆုတောင်းပွဲ တက်ရောက်လာကြသော သက်ကြီးရွယ်အို ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။ ဤအကြမ်းဖက်မှုအတွင်း ထိခိုက်နစ်နာသူများအတွက် ဝမ်းနည်းပူဆွေးကြောင်း အထိမ်းအမှတ်ပြုရန် ယနေ့မှစတင်၍ ဩဂုတ် ၃၁ ရက် နေဝင်ချိန်အထိ အိမ်ဖြူတော်၊ တစ်နိုင်ငံလုံးရှိ အများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် နေရာများ၊ စစ်အခြေစိုက်စခန်းများနှင့် နိုင်ငံခြားရှိ သံရုံး၊ ကောင်စစ်ဝန်ရုံးများအပါအဝင် အလံများကို တိုင်တစ်ဝက်လွှင့်ထူမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ (Xinhua)


……………………….
(Chinese Version)
美国白宫降半旗向枪击事件受害者志哀
新华社照片,华盛顿,2025年8月28日
当地时间27日,美国明尼苏达州明尼阿波利斯市发生一起针对学生的枪击事件。警方证实,两名年龄分别为8岁和10岁的儿童当场遇害,14名年龄在6岁至15岁之间的儿童受伤,另有3名参加弥撒的老人受伤。一份白宫公告说,为表达对这起暴力事件受害者的哀悼,即日起至8月31日日落时分,包括白宫、各地公共建筑和场所、军事基地以及驻外使领馆都将降半旗。
图说:8月27日,在美国首都华盛顿,白宫降半旗向枪击事件受害者志哀。 新华社记者 胡友松 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.