China
Pingtan နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲတွင် စက်ဘီးစီးအားကစားသမား ၂,၂၀၀ ပါဝင်ယှဥ်ပြိုင်မည်

ဖူကျိုး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
သြဂုတ် ၃၁ ရက်၌ ကျင်းပမည့် ဖိန်ထန် နိုင်ငံတကာအလွတ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၆ ခုမှ စက်ဘီးစီးအားကစားသမား ၂,၂၀၀ ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူများ၏ သြဂုတ် ၂၇ ရက်က ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် ဖိန်ထန်နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲတွင် စက်ဘီးစီးပြိုင်ပွဲများ၏ သမားရိုးကျ မျက်နှာပြင်ညီလမ်းနှင့် ကွင်းဆက်ရစ်ပတ်လမ်းကြောင်းပုံစံများမှ ခွဲထွက်ကာ ၈၇ ကီလိုမီတာ ရှည်လျားသည့် ကျွန်းပတ်ပြိုင်ပွဲလမ်းကြောင်းကို ထည့်သွင်းထားကြောင်းသိရသည်။
မြောက်ပိုင်းသဘာဝပတ်ဝန်းကျင်စင်္ကြံတစ်လျှောက်ရှိ တောင်ကြောများပေါ်မှဖြတ်သန်းစီးနင်းရမည့် လမ်းကြောင်းသစ်ကို မိတ်ဆက်ထည့်သွင်းထားပြီး ပြိုင်ပွဲဝင်စက်ဘီးစီးအားကစားသမားများ၏ ခံနိုင်ရည်ရှိမှုနှင့်ကျွမ်းကျင်မှုများကို စိန်ခေါ်ထားသည့် လမ်းကြောင်းသစ်ဖြစ်ကာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများအား ပရိသတ်များ မြင်တွေ့စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများ၏ ပြောကြားမှုအရ ပြိုင်ပွဲကျင်းပမှု ၁၀ နှစ်မြောက်နှစ်ပတ်လည်အဖြစ် တစ်ရက်တာယှဥ်ပြိုင်ကြရမည့် ပြိုင်ပွဲလမ်းကြောင်းနှင့် ဝန်ဆောင်မှုများအား ပြုပြင်မွမ်းမံထားကြောင်း၊ ဖိန်ထန်ကျွန်း၏ မြင်ကွင်းများနှင့် စက်ဘီးစီးယဥ်ကျေးမှုကို ကမ္ဘာကြီးသို့ မျှဝေပေးနိုင်ရန် မျှော်လင့်ထား ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
2,200 riders to race in Pingtan international event
FUZHOU, Southeast China, Aug. 27 (Xinhua) — About 2,200 riders from 16 countries and regions will race in the Pingtan International Cycling Open on Sunday, organizers announced on Wednesday.
Launched in 2014, the race features an 87-kilometer island circuit, breaking away from the traditional flat-road and loop-race formats. The new route introduced a challenging uphill section along the scenic Northern Ecological Corridor, testing riders’ endurance and skills while presenting breathtaking scenes to spectators.
The organizers said they had updated the one-day race’s course and service for its 10th anniversary, in hopes of delivering Pingtan’s island scenes and its cycling culture to the world.
Photo:
Aerial photo taken on Sept. 21, 2019 shows a steel girder being lifted by a crane at the construction site of the Pingtan Strait Road-rail Bridge in southeast China’s Fujian Province. (Xinhua/Lin Shanchuan)