Connect with us

Europe

ရုရှား နိုင်ငံ က အမေရိကန် နိုင်ငံ ၏ အရေးယူ ပိတ်ဆို့မှု အသစ် နှင့် တန်းတူညီမျှ သည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြန်လည်ဆောင်ရွက်မည်

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ဆောင်ရွက်မည့် အရေးယူ ပိတ်ဆို့မှု အသစ် နှင့် ညီမျှသည့် တုံ့ပြန် အရေးယူမှု ပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သြဂုတ်လ ၈ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

Zakharova က အမေရိကန် နိုင်ငံ မှ ရုရှား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ရာတွင် ဓာတုလက်နက် အသုံးပြုသည် ကို အကြောင်းပြချက် အဖြစ် ပြောကြား ခဲ့ခြင်း မှာ မည်သည့် သက်သေ အထောက်အထား မှ မရှိကြောင်း ၊ တစ်ချိန်တည်းတွင် အမေရိကန် နိုင်ငံ က ရုရှား နိုင်ငံ နှင့် ဆက်ဆံရေး ကောင်းမွန်လိုကြောင်း ပြောကြားနေခြင်း မှာ ထင်းရှားသည့် ဟန်ဆောင်မှု တစ်ခု ဖြစ်ကြောင်း ၊ ရုရှား-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားအောင် ဆောင်ရွက်ချက်များ အားလုံး မှာ ရုရှား နိုင်ငံ မှ ဆောင်ရွက် ခဲ့ခြင်း မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က သြဂုတ်လ ၈ ရက် ၌ ရုရှား နိုင်ငံ ထောက်လှမ်းရေး အရာရှိဟောင်း နှင့် သမီး ဖြစ်သူ တို့မှ ဗြိတိန် နိုင်ငံ တွင် အဆိပ်မိ သေဆုံးခဲ့ခြင်း နှင့် ပတ်သက်၍ ရုရှား နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှု အသစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ယင်းမှာ သြဂုတ်လ ၂၂ ရက် တွင် စတင် အသက်ဝင်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117