Connect with us

China

တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်များ ပင်လယ်ပြင်မှ လွှတ်တင်

တရုတ်နိုင်ငံ အ‌ရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့အနီးရှိ ပင်လယ်ပြင်မှ Geely-05 ဂြိုဟ်တုအစုအဝေးကို တင်ဆောင်ထားသော Smart Dragon-3 ဒုံးပျံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က လွှတ်တင်စဥ် (ဆင်ဟွာ)

ရိကျောက်၊ ဆန်းတုန်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်တွင် Smart Dragon-3 ဒုံးပျံကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက လွှတ်တင်ခဲ့ပြီး Geely-05 ဂြိုဟ်တုအစုအဝေးကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဒုံးပျံကို ရစ်ကျောက်မြို့အနီးရှိ ပင်လယ်ပြင်မှ ပေကျင်းစံတော်ချိန် နံနက် ၃ နာရီ ၄၈ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
၎င်းကမ်းလွန်လွှတ်တင်ခြင်းမစ်ရှင်ကို ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)


…………………………………..
(English Version)
China launches new satellites from sea
RIZHAO, Shandong, Sept. 9 (Xinhua) — A Smart Dragon-3 rocket lifted off on Tuesday morning from east China’s Shandong Province, sending the Geely-05 constellation satellites into planned orbits.
The rocket blasted off at 3:48 a.m. (Beijing Time) from the sea near the city of Rizhao.
The Taiyuan Satellite Launch Center conducted the offshore launch mission. ■
English Caption
A Smart Dragon-3 rocket carrying the Geely-05 constellation satellites blasts off from the sea near the city of Rizhao, east China’s Shandong Province, Sept. 9, 2025. (Photo by Guo Jinqi/Xinhua)