Connect with us

Europe

အယ်လ်ဘေးနီးယားနိုင်ငံတွင် အမျိုးသားတစ်ဦးက ဆွေမျိုး ၈ ဦးအား သေနတ် ဖြင့်ပစ်သတ်

မှုခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီရာနာ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

အယ်လ်ဘေးနီးယားနိုင်ငံ အနောက်တောင်ဘက်ရှိ Resulaj ကျေးရွာတွင် သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပိုင်ဆိုင်မှုအငြင်းပွားမှုတစ်ခုအတွင်း ၎င်း၏ ဆွေးမျိုးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၈ ဦးသေဆုံးသွားခဲ့ကြောင်း အယ်လ်ဘေးနီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သေဆုံးသူများအားလုံးသညိ Zykaj မိသားစု နှစ်စုမှဖြစ်ပြီး တစ်ရွာတည်းနေသူများ ဖြစ်ကြောင်း သိရသည်။

Kalashnikov ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသော အသက် ၂၄ နှစ်အရွယ် Ridvan Zykaj သည် ၎င်း၏ အဘိုး၊ အဘွားများ နေအိမ်သို့ ပထမဆုံး ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏ ဦးလေး မိသားစုဝင်များအား ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်၃၀ မီတာဝေးသည့် ၎င်း၏ အခြား ဦးလေး၏ နေအိမ်သို့ ထပ်မံသွားရောက်ခဲ့ကာ နောက်ထပ် လူ ၄ ဦးကို ပစ်သတ်ခဲ့သည်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ Ridvan Zykaj သည် အခင်းဖြစ်နေရာမှ အလျင်အမြန်ထွက်ပြေးခဲ့ပြီး ရဲတပ်ဖွဲ့က Vlors မြို့မှ Tirana မြို့အထိ လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ၎င်းသည် လက်နက်ကိုင်ထားပြီး အလွန်အမင်း အန္တရာယ်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ Resulaj ကျေးရွာသို့ အယ်လ်ဘေးနီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Fatmir Xhafaj နှင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး Ardi Veliu တို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117