Connect with us

Asia

နယ်စပ်အရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် အခိုင်အမာ ကြိုးပမ်းသွားမည်ဟု ကမ္ဘောဒီးယား၊ ထိုင်း နှစ်နိုင်ငံ ပြောကြား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Seiha (ဝဲဘက်) နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Nattaphon Narkphanit တို့က လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အား ပြသနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံ ကိုယ်စားလှယ်များက စက်တင်ဘာ ၁၀ ရက်တွင် နှစ်ဖက်အနေဖြင့် နယ်စပ်အရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် အခိုင်အမာ ကြိုးပမ်းသွားပြီး ပဋိပက္ခဖြစ်ပွားမှုအား တားဆီးသွားမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုနေ့တွင် နှစ်နိုင်ငံအစိုးရအရာရှိများက ကမ္ဘောဒီးယားနိုင်ငံ Koh Kong ပြည်နယ်၌ ပထမအကြိမ် အထူး နယ်စပ်အထွေထွေကော်မတီ အစည်းအဝေးအား ကျင်းပခဲ့ရာ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Seiha နှင့် ထိုင်းနိုင်ငံ ယာယီကာကွယ်ရေးဝန်ကြီး Nattaphon Narkphanit တို့ အတူတကွ ကြီးမှူးကျင်းပခဲ့သည်။

တင်းမာမှုအခြေအနေအား ပြေလျော့လာစေရန်အတွက် လက်ရှိတွင် အကြီးစားနှင့် ဖျက်ဆီးနိုင်စွမ်းရှိလက်နက်များအား ကိုယ်စီ၏ စစ်တပ်အခြေစိုက်နေရာသို့ ပြန်လည်ရွှေ့ပြောင်းသွားရန် အရေးတကြီး လိုအပ်နေသည်ဟု‌ နှစ်ဖက်က တစ်ပြေးညီယူဆကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
“မိမိတို့အနေဖြင့် နှစ်ဖက်စစ်ဒေသနှင့် နယ်စပ်တပ်ဖွဲ့များအကြား ပုံမှန်ချိတ်ဆက်မှု၏ အရေးကြီးမှုကိုလည်း အလေးထားပြောကြားခဲ့ပြီး အရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် ခိုင်မာစွာကြိုးပမ်းသွားပြီး ပဋိပက္ခဖြစ်ပွားမှုအား တားဆီးသွားမည်” ဟု ကြေညာချက်က ဆိုထားသည်။

နှစ်ဖက်အနေဖြင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး၊ အိမ်နီးချင်းနိုင်ငံများ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်မှုအပေါ် အဆင့်အသီးသီးချိတ်ဆက်ညှိနှိုင်းဆွေးနွေးမှု တိုးမြှင့်ခြင်း၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့ကြောင်း၊ နှစ်ဖက်ကလည်း ရက်ပေါင်း ၃၀ အတွင်း ဒုတိယအကြိမ် အထူး နယ်စပ်အထွေထွေကော်မတီ အစည်းအဝေး ကျင်းပရန်၊ ထိုင်းနိုင်ငံမှ ကြီးမှူးကျင်းပရန် သဘောတူခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

————————-
(Chinese Version)
柬泰两国表示坚定致力于和平解决边界问题
新华社金边9月10日电(记者吴长伟)柬埔寨国防部10日发表声明说,柬埔寨和泰国代表当天表示,双方坚定致力于和平解决边界问题,防止冲突。
当天两国官员在柬埔寨戈公省举行了第一次特别边界总委员会会议,会议由柬埔寨副首相兼国防大臣迪西哈和泰国代理国防部长那达蓬共同主持。
声明说,双方一致认为,当前迫切需要将重型和破坏性武器撤回各自的军队驻地,以缓和紧张局势。“我们还强调了双方军区和边境部队之间定期沟通的重要性,并坚定地致力于和平解决问题和防止冲突。”
声明说,双方强调加强各级沟通对建立互信、促进睦邻友好关系至关重要。双方还同意在30天内举行第二次特别边界总委员会会议,由泰国主办。(完)
图说:8月7日,在马来西亚吉隆坡,柬埔寨副首相兼国防大臣迪西哈(左)和泰国国防部副部长那达蓬·那帕尼展示签署的协议。新华社发(张纹综摄)