Social, Education & Health
အွန်လိုင်းမှသည် မိမိတို့နံဘေးသို့ လာရောက်မှု – တရုတ်-အီကွေတာဂီနီ ချစ်ကြည်ရေးပန်းများ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်တန်းများကြား၌ ပွင့်လန်းနေ

ဟုန်ဟယ် (ယူနန်)၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်းဖိန် မြောင်လူမျိုး၊ ရောင်လူမျိုး၊ တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၏ တောင်တန်းအသွယ်သွယ်ကြားတွင် မူလတန်း စာသင်ကျောင်းတစ်ကျောင်းသည် တောတောင်ရေမြေများကို ကျော်ဖြတ်လာသော ချစ်ကြည်ရေးတစ်ခုကို သက်သေထူလျက်ရှိသည်။၂၀၁၅ ခုနှစ် ဧပြီလတွင် အီကွေတာဂီနီနိုင်ငံ သမ္မတ Teodoro Obiang Nguema Mbasogo သည် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်နေစဉ်အတွင်း တရုတ်ပြည်သူများအပေါ် ညီအစ်ကိုပမာ သံယောဇဉ်ထားရှိမှုဖြင့် ယူနန်ပြည်နယ် ကျင်းဖိန်ခရိုင်၌ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းမည်ဟု ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် စာသင်ဆောင်အသစ် ဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုခဲ့ရာ အဆိုပါကျောင်းအား တရုတ်-အီကွေတာဂီနီ ချစ်ကြည်ရေး မူလတန်း စာသင်ကျောင်းဟူ၍ အမည်ပေးခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဖိန်ခရိုင်ရှိ တရုတ်-အီကွေတာဂီနီ ချစ်ကြည်ရေး စာသင်ကျောင်း၌ ကလေးငယ်များနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော အီကွေတာဂီနီနိုင်ငံ သတင်းထောက် Milagrosa Ada Micha Abeso အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အွန်လိုင်းတွင် ချိတ်ဆက်မှုမှသည် လက်တွေ့လာရောက်မှုအထိ အဆိုပါနှစ်များအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေးသံယောဇဉ်မှာ အဆက်ပြတ် ဆက်လက်တည်ရှိ၍ တိုးတက်လာခဲ့သည်။
၂၀၂၄ ခုနှစ် မေလတွင် သမ္မတ Teodoro Obiang Nguema Mbasogo နှင့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများသည် ဗီဒီယိုလင့်ခ်ဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် အဆိုပါကျောင်းနှင့် အီကွေတာဂီနီနိုင်ငံ ကလေးငယ် ကူညီကယ်ဆယ်ရေးကော်မတီ ဘာသာစကားစုံကျောင်း မူလတန်းဌာနနှင့် ချစ်ကြည်ရေးဆက်ဆံမှု တရားဝင်ထူထောင်ခဲ့သည်။ ယခုနှစ် စက်တင်ဘာလ ကျောင်းဖွင့်ချိန်တွင် အီကွေတာဂီနီနိုင်ငံ သတင်းထောက် Milagrosa Ada Micha Abeso သည် ခရီးဝေးနှင်၍ အဆိုပါကျောင်းသို့လာရောက်ပြီး ကျောင်းဖွင့်ချိန် ကလေးငယ်များနှင့် တွေ့ဆုံခဲ့သည်။
“ကျွန်မ တရုတ်နိုင်ငံကိုချစ်တယ်။ ကလေးတွေကိုလည်း ချစ်တယ်” ဟု Milagrosa Ada Micha Abeso က ခံစားချက်အပြည့်ဖြင့် ဆိုခဲ့သည်။ ၎င်းသည် ကလေးများ၏ ကြည်လင်သော မျက်ဝန်းများအား ကြည့်လျက် အသံပင် အနည်းငယ်တုန်နေခဲ့သည်။ “အခုအားလုံးက ကျွန်မတို့နှစ်နိုင်ငံ အတူတကွတည်ဆောက်ထားတဲ့ ကျောင်းဝန်းထဲမှာ ပျော်ရွှင်စွာ လေ့လာသင်ယူပြီး ရှင်သန်ကြီးပြင်းလာတာ မြင်ရတော့ ကျွန်မကလည်း ချစ်ကြည်ရေးရဲ့ အနက်အဓိပ္ပာယ်ကို အမှန်တကယ် နားလည်လာပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံနှင့် အီကွေတာဂီနီ၏ အကွာအဝေးသည် အလွန်အလှမ်းဝေးလှသော်လည်း နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ကြောင်း၊ ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံက အီကွေတာဂီနီနိုင်ငံ၌ လမ်းခင်းရန်ကူညီပေးခြင်း၊ ဆေးကုသရေးအဖွဲ့များ စေလွှတ်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ အဆိုပါဝေးလံလှသည့် အာဖရိကတိုက်ကုန်းမြေကြီးတွင် အပြန်အလှန်ဖေးမကူညီသော၊ နှလုံးသားအား လှုပ်ခတ်စေသော အကြောင်းအရာများ တူညီစွာ ရေးခြယ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယနေ့အခါ အဆိုပါအနောက်တောင်ပိုင်းဒေသ တောင်တန်းများကြားက စာသင်ကျောင်းထဲ၌ တိုင်းရင်းသားလူမျိုးစု ၁၆ ခု၊ ကျောင်းသား၊ ကျောင်းသူများ ၂,၀၀၀ ကျော်သည် နေရောင်ခြည်များ အတူခံစားရင်း စာသင်ခန်းထဲ၌ အတူစာသင်ကြားနေကြသည်။
သမ္မတ၏ တရားဝင်လှူဒါန်းမှုမှသည် အရပ်ဘက် ရင်းနှီးစွာဆက်ဆံမှုအထိ ချစ်ကြည်ရေးသည် ခမ်းနားသည့် စကားလုံးတစ်ခုတင်မဟုတ်တော့ဘဲ စာသင်ကျောင်း အားကစားကွင်းထက်တွင် ပဲ့တင်ထပ်နေသော သီချင်းတစ်ပုဒ်၊ မင်ရည်မခြောက်သေးသည့် ဝါကျတစ်ခု၊ တောတောင်ရေမြေ ဖြတ်ကျော်လာသည့် တွေ့ဆုံမှုတစ်ကြိမ်ပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကျင်းဖိန်ခရိုင် မြေဆီလွှာထဲ၌ ပေါက်ဖွားနေသော ချစ်ကြည်ရေးပန်းလေးသည် တိတ်တဆိတ် ခိုင်မာစွာ ကောင်းကင်ယံသို့ မျက်နှာမူလျက် ရှင်သန်ကြီးပြင်းလာလျက်ရှိပေသည်။ (Xinhua)
——————————
(Chinese Version)
从云端到身边 中赤几友谊之花盛开在云南大山
新华社照片,红河(云南),2025年9月11日
在云南省红河哈尼族彝族自治州金平苗族瑶族傣族自治县的群山中,有一所小学,见证了一份跨越山海的友谊:2015年4月,赤道几内亚总统奥比昂在访华期间,怀着对中国人民兄弟般的情感,宣布将在云南省金平县捐建一所学校;2016年,新教学楼落成启用,学校被命名为中国-赤道几内亚友谊小学。
从云端的连接到现实的奔赴,这些年,两国情谊不断延续和生长。2024年5月,奥比昂总统通过视频与师生亲切会面;2025年4月,学校与赤道几内亚儿童救助委员会多语种学校小学部正式建立友好关系。今年9月开学之际,赤道几内亚记者米拉格罗萨·米查不远万里,来到这座山间校园看望开学的孩子们。
米拉格罗萨动情地说:“我爱中国,也爱你们。”她望着孩子们清澈的眼睛,声音微颤,“看到你们在这所由我们两国共同建造的校园里快乐学习、成长,我真正明白了友谊的意义。”她接着说,尽管中国与赤道几内亚相距遥远,却未影响友谊的深厚;这些年来,中国帮助赤道几内亚修建公路、派遣医疗队,在那片遥远的非洲大地上,同样书写着守望相助、感动人心的故事。
如今,在这所西南群山间的学校里,十六个民族、两千多名学生共沐阳光、同堂读书。从总统的官方捐赠,到民间的亲切往来——友谊不再只是一个宏大的词语,它是回荡在操场上的一首歌、是墨迹未干的一行字、是一次跨越山海的相逢。此刻,这棵生长在金平县土壤里的友谊之花,正静静地、坚定地,向着天空生长。
1、9月9日,米拉格罗萨·米查在中国-赤道几内亚友谊小学同孩子们一起舞蹈。 新华社记者 彭奕凯 摄
2、9月9日,米拉格罗萨·米查在中国-赤道几内亚友谊小学同孩子们合影。新华社记者 彭奕凯 摄