Social, Education & Health
တရုတ်ကလေးငယ်များ၏ ကိုယ်အလေးချိန်များမှုနှင့် အဝလွန်မှုနှုန်း ၁၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွား

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အသက် ၆ နှစ်နှင့်အောက် တရုတ်ကလေးငယ်များ၏ ကိုယ်အလေးချိန်များမှုနှင့် အဝလွန်မှုနှုန်းမှာ လွန်ခဲ့သည့် ၅ နှစ်က ၁၀.၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ၉.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွား ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်အကြီးအကဲ လေဟိုင်ချောင်၏ စက်တင်ဘာ ၁၁ ရက်၌ ပြောကြားမှုအရ သိရသည်။၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလအတွင်း ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ပုံမှန်ထက် ကိုယ်ခန္ဓာဖွံ့ထွားသောကလေးငယ်မွေးဖွားနှုန်းကလည်း ၅ နှစ်ဆက်တိုက် ကျဆင်းသွားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ လေဟိုင်ချောင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ ကလေးငယ်များ၏ အာဟာရနှုန်းမှာ ဆက်လက်တိုးတက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အသက် ၆ နှစ်နှင့်အောက် ကလေးငယ်များ၏ သေးကွေးကြုံလှီမှုနှုန်းမှာ ၄.၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ အလားတူ ကိုယ်အလေးချိန်မပြည့်မှုနှုန်းကလည်း ၁.၄ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း လေဟိုင်ချောင်၏ ဆက်လက်ပြောကြားမှုအရ သိရသည်။ (Xinhua)
————————
(English Version)
China’s child overweight, obesity rates drop to below 10 pct
BEIJING, Sept. 11 (Xinhua) — The rates of overweight and obesity among Chinese children under the age of 6 decreased from 10.4 percent five years ago to the current 9.7 percent, head of the National Health Commission Lei Haichao said on Thursday.
The incidence rate of macrosomia, or large-for-gestational-age infants, has dropped for five consecutive years during the 14th Five-Year Plan period (2021-2025), Lei told a press conference.
The nutritional status of children in China has continued to improve, with the stunting rate among children under 6 years old nationwide dropping to 4.5 percent and the underweight rate decreasing to 1.4 percent, Lei added. ■
Photo:
Kids demonstrate smiley cards to greet the upcoming World Smile Day at a kindergarten in Zigui County, central China’s Hubei Province, May 7, 2019. (Xinhua/Wang