Videos
ဗုဒ္ဓမြတ်စွာဘုရား၏ ဧရာမပန်းချီကားကိုသယ်ဆောင်ပူဇော်
လာဆာ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသ လာဆာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓမြတ်စွာဘုရား၏ ပုံတော်ကိုရေးဆွဲပူဇော်ထားသည့် ဧရာမပန်းချီကားကြီးကို Drepung ဘုန်းတော်ကြီးကျောင်း အနီးရှိ တောင်စောင်းပေါ်သို့ ဝိုင်းဝန်းသယ်ဆောင်ပူဇော်ခဲ့သည်။
နှစ်စဉ်ကျင်းပလျက်ရှိသည့် ရှိုတွန်ပွဲတော်ဖွင့်ပွဲတွင် ထိုသို့ပန်းချီကားပုံကို သယ်ဆောင်ပူဇော်ခြင်းဖြစ်သည်။ ရှိုတွန်ပွဲတော်မှာ တိဘက်လူမျိုးတို့၏ အလွန်အရေးပါသောပွဲတော်တစ်ခုဖြစ်ပြီး ၁၁ ရာစုကတည်းက ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင်လည်း ရိုးရာရှိုတွန်ပွဲတော်ကိုသြဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ (Xinhu