Asia
မလေးရှားနိုင်ငံ ဆာဘားပြည်နယ်၌ မြေပြိုမှုများဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ၏ ဘောနီလွန်ကျွန်းမြောက်ပိုင်း ဆာဘားပြည်နယ်တစ်ဝန်းတွင် အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၅ ရက်၌ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့သည်။
အဆိုပါမြေပြိုမှုများသည် ပြည်နယ်မြို့တော် ကိုတာကီနာဘာလူမြို့အနီးရှိ ကျေးရွာတစ်ရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းမြေပြိုမှုများအပြင် ရေကြီးရေလျှံမှုကြောင့် ပြည်နယ်အတွင်း လူပေါင်း ၁,၇၈၈ ဦး နေရပ်စွန့်ခွာခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၁၂ ခုတွင် ခိုလှုံနေရကြောင်း မလေးရှားနိုင်ငံ၏ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မလေးရှား၀န်ကြီးချုပ် အန်ဝါ အီဘရာဟင်က ယခင်ခွဲဝေချထားပေးပြီးသော ရင်းဂစ် ၁၁ သန်းအပြင် ဒုက္ခသည်များအား အကူအညီပေးရန် ရင်းဂစ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၂.၃၈ သန်း) ထပ်မံခွဲဝေပေးကြောင်း စက်တင်ဘာ ၁၅ ရက်၌ ကြေညာခဲ့ပြီး လိုအပ်နေသောသူများကို ကူညီရန်အတွက် မလေးရှားနိုင်ငံသားများအနေဖြင့် အတူတကွ ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
11 killed in landslides in Malaysia’s Sabah state
KUALA LUMPUR, Sept. 15 (Xinhua) — At least 11 people have been confirmed dead and several more were missing on Monday following a series of landslides triggered by continuous heavy rain across Malaysia’s northern Borneo state of Sabah.
The accident took place in a village near the state capital of Kota Kinabalu.
Meanwhile, flooding has displaced over 1,788 people in the state, with the victims being housed in 12 relief centers, according to the country’s social welfare department.
Separately, Prime Minister Anwar Ibrahim on Monday announced an additional allocation of 10 million ringgit (2.38 million U.S. dollars) in aid to be channeled to victims, on top of the 11 million ringgit previously allocated, urging Malaysians to come together to help those in need. ■
English Caption
Rescuers work at a village after the accident took place near Kota Kinabalu, Malaysia’s northern Borneo state of Sabah, on Sept. 15, 2025. (Malaysian National News Agency/Handout via Xinhua)