Connect with us

China

တရုတ်နိုင်ငံ၏ လူနေအိမ်ရာစျေးနှုန်းကျဆင်းမှု သြဂုတ်လတွင် နည်းပါးသက်သာလာ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့၊ ပြန်လည်နေရာချထားရေးစုပေါင်းနေရာရှိ နေအိမ်သစ်များ၏ သော့များ လက်ခံရယူရန် စောင့်ဆိုင်းနေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အကြီးစားနှင့် အလတ်စား မြို့ပေါင်း ၇၀ ရှိ လူနေအိမ်ရာစျေးနှုန်းများ လစဥ်စျေးနှုန်းလျော့ကျ လျက်ရှိရာတွင် သြဂုတ်လ၌ ယမန်နှစ်ကထက် စျေးကျဆင်းမှုဆက်လက်သက်သာလာကြောင်း တရားဝင်အချက်အလက်များက စက်တင်ဘာ ၁၅ ရက်၌ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းမြို့ကြီးလေးခုဖြစ်သည့် ပေကျင်း ၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဆန်းကျန့် စသည့်မြို့ကြီးများရှိ အိမ်သစ်စျေးနှုန်းများ တစ်နှစ်အတွင်း ၀.၉ ရာခိုင်နှုန်းသာ လျော့ကျခဲ့ကြောင်း ဇူလိုင်လက စံချိန်တင် ၁.၁ ရာခိုင်နှုန်း လျော့ကျမှုထက် အနည်းငယ်လျော့နည်းလာကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ဖော်ပြခဲ့သည်။ ထူးခြားမှုအဖြစ် အများစုစျေးနှုန်းလျော့ကျနေမှုကို ဆန့်ကျင်လျက် တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော်ရှန်ဟိုင်းတွင် စံချိန်တင်အဖြစ် ၅.၉ ရာခိုင်နှုန်းစျေးမြင့်တက်ခဲ့သည်။
အခြားမြို့ကြီးများတွင်လည်း စျေးကျဆင်းမှု ပိုမိုသက်သာလာခဲ့ပြီး ဒုတိယအဆင့်မြို့များတွင် အိမ်သစ်ဈေးနှုန်း ၂.၄ ရာခိုင်နှုန်းသာကျဆင်းခဲ့ကာ ဇူလိုင်လက ၂.၈ ရာခိုင်နှုန်း ကျဆင်းမှုထက် သက်သာခဲ့သည်။ တတိယအဆင့်မြို့များတွင်လည်း ဇူလိုင်လ ၄.၂ ရာခိုင်နှုန်းကျဆင်းမှုနှင့် နှိုင်းယှဉ်လျှင် ကျဆင်းမှု ၃.၇ ရာခိုင်နှုန်း ကိုသာ တွေ့ရှိခဲ့သည်။
လစဉ်နှိုင်းယှဉ်ချက်အရလည်း အိမ်သစ်ဈေးနှုန်းကျဆင်းမှု လျော့နည်းလာခြင်းကို အဆင့်မြင့်မြို့များနှင့် ဒုတိယအဆင့်မြို့များတွင် တွေ့နိုင်ခဲ့သော်လည်း တတိယအဆင့်မြို့များတွင် အနည်းငယ်ပိုများသည့် ကျဆင်းမှုကို တွေ့ရသည်။
လအလိုက်အခြေခံ၍နှိုင်းယှဥ်ကြည့်ပါက နိမ့်ရာသို့ဆင်းနေသည့် အိမ်သစ်စျေးနှုန်းများသည် တတိယအဆင့် မြို့များတွင် စျေးကျဆင်းမှု အနည်းငယ်ပိုများသော်လည်း ပထမနှင့်ဒုတိယအဆင့်မြို့ကြီးများတွင်မူ ကျဆင်းမှုလျော့နည်းသက်သာလာသည်ကိုတွေ့ရသည်။
အဓိကမြို့ကြီးများရှိ သက်တမ်းရှိပြီး အိမ်ရာဈေးနှုန်းများမှာမူ ယခင်လအတိုင်း ဆက်လက်ကျဆင်းနေခဲ့ကြောင်း NBS ဒေတာများက ပြသခဲ့သည်။ (Xinhua)
……….
(English Version)
China’s home price decline continues to narrow in August
BEIJING, Sept. 15 (Xinhua) — Residential housing prices in China’s 70 large and medium-sized cities continued to see narrowed year-on-year declines in August, while the prices also dropped monthly, official data showed on Monday.
The National Bureau of Statistics (NBS) stated in a press release that the prices of new homes in the country’s four top-tier cities — Beijing, Shanghai, Guangzhou and Shenzhen — decreased by 0.9 percent from a year ago, a smaller decline than the 1.1 percent drop recorded in July. Notably, bucking the overall trend, Shanghai, the country’s economic hub, recorded a 5.9 percent rise.
Other major cities also reported slower declines, with new-home prices in second-tier cities down 2.4 percent, easing from a 2.8 percent fall in July, and third-tier cities saw a 3.7 percent decrease, compared with a 4.2 percent slide the previous month.
On a month-to-month basis, the downward momentum in new home prices also eased in first- and second-tier cities, although third-tier markets experienced a slightly wider decline.
The NBS data also showed that the prices continued to edge lower for existing homes in major cities last month.
Photo : An aerial drone photo taken on Jan. 16, 2024 shows people waiting to receive the keys to their new homes at a relocation residential complex in Shijiazhuang, north China’s Hebei Province. (Xinhua/Yang Shiyao)