Connect with us

Europe

ဗြိတိန်နိုင်ငံသို့ ထရမ့် ခရီးစဉ်သွားရောက်မှု ပြည်သူများ၏ ဆန္ဒပြခြင်း ခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမား (ယာဘက်) အား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ရာနှင့်ချီသောပြည်သူများသည် စက်တင်ဘာ ၁၆ ရက်တွင် လန်ဒန်မြို့အစွန်ရှိ ဝင်ဆာရဲတိုက် အပြင်ဘက်၌ စုဝေး၍ ဗြိတိန်နိုင်ငံသို့ အမေရိကန် သမ္မတ ထရမ့် နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ထိုနေ့ညပိုင်းတွင် ထရမ့်က လန်ဒန်စတန်းစတက်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဝင်ဆာရဲတိုက်၌ တည်းခိုမည်ဖြစ်သည်။ ထရမ့်သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဗြိတိန်ဘုရင် တတိယ ချားလ်စ်၊ ဝန်ကြီးချုပ် ကီယာစတားမားတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ဘယ်ကင်ဟမ်နန်းတော်က ဆိုထားသည်။

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၌ ဆန္ဒပြနေမှုအား ထိန်းသိမ်းနေသော ဗြိတိန်ရဲတပ်ဖွဲ့များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို “ထရမ့်တားဆီးရေး ညွန့်ပေါင်းအဖွဲ့” (Stop Trump Coalition) ဟု အမည်ရသည့် အဖွဲ့မှ စီစဉ်ခြင်းဖြစ်သည်။ ပြည်သူများက “အမုန်းတရားသည် မည်သည့်နိုင်ငံကိုမျှ ကြီးမြတ်လာစေမည်မဟုတ်” စသည့် စာတန်းများ ကိုင်ဆောင်ကာ ဝင်ဆာရဲတိုက်အပြင်ဘက် ပင်မလမ်းမတစ်လျှောက်တွင် “ဗြိတိန်နိုင်ငံမှ ထွက်သွား” ၊ “ဗြိတိန်နိုင်ငံက သင့်အားမကြိုဆိုပါ” စသည့် ဆောင်ပုဒ်များ အော်ဟစ်ခဲ့သည်။

ဗြိတိန်နိုင်ငံက ထရမ့်အား ထိုကဲ့သို့ အဆင့်မြင့်သော ဧည့်ဝတ်ပျူငှာမှုဖြင့် ကြိုဆိုခြင်းသည် “ဒါကမထိုက်တန်ပါဘူး” ဟု ဆန္ဒပြသူ မီကိုဟယ်နင်က ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
ယင်းသည် ထရမ့်က အမေရိကန် သမ္မတအနေဖြင့် ဒုတိယအကြိမ် ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခြင်းဖြစ်သည်။ ၎င်းက ပထမအကြိမ် သမ္မတအဖြစ် ထမ်းဆောင်စဉ်ကာလအတွင်း ၂၀၁၉ ခုနှစ်က ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ထရမ့်သည် ပုဂ္ဂိုလ်ရေးကြောင့် ဗြိတိန်နိုင်ငံ စကော့တလန်ဒေသသို့ သွားရောက်ခဲ့ရာ ဒေသတွင်းပြည်သူများ၏ ကန့်ကွက်ဆန္ဒပြခြင်း ခံခဲ့ရသည်။ (Xinhua)

#US #Trump #UK #Protest #အမေရိကန် #ထရမ့် #ဗြိတိန် #ဆန္ဒပြမှု
————————————————————————————–
(Chinese Version)
特朗普到访英国引发民众抗议
新华社伦敦9月16日电(记者赵家淞 于艾岑)英国近百名民众16日在伦敦近郊的温莎城堡外集会示威,抗议美国总统特朗普对英国的国事访问。
当晚,特朗普抵达伦敦斯坦斯特德机场,将在温莎城堡过夜。英国白金汉宫说,特朗普定于17日至18日分别与英国国王查尔斯三世和首相斯塔默会见会晤。
示威活动由一个名为“阻止特朗普联盟”的团体组织。民众举着写有“仇恨无法使任何国家变得伟大”等字样的标语,沿着温莎城堡外的主街高呼“离开英国”“英国不欢迎你”等口号。示威者米克·海宁告诉新华社记者,英国给予特朗普如此高规格礼遇,“这并不值得”。
这一团体计划于17日下午在伦敦议会广场举行更大规模的游行示威。
这是特朗普第二次以美国总统身份受邀对英国进行国事访问。他首次担任总统期间曾于2019年对英国进行国事访问。今年7月,特朗普因私访问英国苏格兰地区,引发当地民众抗议。(完)
1、2月27日,美国总统特朗普在华盛顿白宫迎接英国首相斯塔默(右)。新华社记者胡友松摄
2、9月13日,在英国首都伦敦,英国警方维护现场秩序。新华社记者高文成摄