International Organizations
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းရာတွင် အထောက်အကူပြုသည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင် ဆို

ဂျီနီဗာ၊ စက်တင်ဘာလ ၂၀ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နိုင်ငံတကာ စည်းစနစ်ဆိုင်ရာ အမှီအခိုကင်းသော ကျွမ်းကျင်ပညာရှင် George Katrougalos က လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၆၀ မြောက် အစည်းအဝေးတွင် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းရာတွင် အထောက်အကူပြုကြောင်း ဖော်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စည်းစနစ်သည် ရှုပ်ထွေးသော အသွင်ပြောင်းလဲမှုနှင့် ကြုံတွေ့နေရပြီး ပိုမိုဟန်ချက်ညီသော နိုင်ငံတကာ စည်းစနစ် ဖွဲ့စည်းတည်ဆောက်ရန်အတွက် အလားအလာပံ့ပိုးသည့် တစ်ချိန်တည်းတွင် ကွဲအက်မှုအန္တရာယ်လည်း ရှိနေကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခြေခံထားပြီး ကုလသမဂ္ဂကို အချက်အချာထားသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာ စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြထားကြောင်း Katrougalos က ပြောကြားခဲ့သည်။
လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် Katrougalos က နိုင်ငံတကာ စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းခြင်း၊ နိုင်ငံစုံ စီမံခန့်ခွဲမှု မြှင့်တင်ခြင်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းကို တန်ဖိုးထားလေးစားကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံတကာ စည်းစနစ်ဆိုင်ရာ အမှီအခိုကင်းသော ကျွမ်းကျင်ပညာရှင်များသည် လူ့အခွင့်အရေးကောင်စီ အထူးယန္တရား၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမှီအခိုကင်းသော ကျွမ်းကျင်ပညာရှင်များက အခကြေးငွေမယူဘဲ တာဝန်များကို ထမ်းဆောင်ကာ ဒီမိုကရေစီနှင့် တရားမျှတမှုရှိသော နိုင်ငံတကာ စည်းစနစ် ဖွဲ့စည်းတည်ဆောက်ရေးကို တွန်းအားပေးရန်၊ လူ့အခွင့်အရေးအားလုံး ခံစားခွင့်ကို မြှင့်တင်ရန် အဓိကထား တာဝန်ယူလုပ်ဆောင်ကြသည်။ (Xinhua)
……………………………….
(Chinese Version)
联合国专家:全球治理倡议有助维护多边主义
新华社日内瓦9月19日电(记者石松)联合国人权理事会国际秩序独立专家卡特鲁加洛斯日前在人权理事会第60届会议上表示,中国提出的全球治理倡议有助维护多边主义。
卡特鲁加洛斯表示,全球秩序正在经历复杂转型,为构建更加平衡的国际秩序提供了空间,同时也存在分裂风险。中国近期提出的全球治理倡议以多边主义为基础,强调了维护以联合国为核心的国际体系和以国际法为基础的国际秩序的重要性。
卡特鲁加洛斯在向人权理事会提交的年度报告中高度评价中国在维护国际秩序、推动多边治理方面的建设性作用。
国际秩序独立专家是人权理事会特别机制一部分,由独立人权专家无薪履职,主要负责推动构建民主和公平的国际秩序,促进享有所有人权。(完)
图说:这是9月9日在瑞士日内瓦万国宫拍摄的联合国人权理事会第60届会议现场。新华社记者 连漪 摄