Asia
သီရီလင်္ကာနိုင်ငံတွင် ရပ်တန့်လျက်ရှိသည့် ဆေးရုံတည်ဆောက်ရေးစီမံကိန်းများ အပြီးသတ်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀ သုံးစွဲမည်

ကိုလံဘို၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
သီရိလင်္ကာအစိုးရသည် ရပ်တန့်လျက်ရှိသည့် ဆေးရုံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ လာမည့်နှစ်နှစ်အတွင်း အပြီးသတ်လုပ်ဆောင်ရန် ရူပီး ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်) ခွဲဝေသုံးစွဲမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် လူထုဆက်ဆံရေးဝန်ကြီးက စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ကျန်းမာရေးနှင့် လူထုဆက်ဆံရေးဝန်ကြီး Nalinda Jayatissa က အရှေ့ပိုင်းပြည်နယ် လူထုစည်းဝေးပွဲတစ်ခုတွင် နောက်နှစ်လအတွင်း ကျန်းမာရေးဝန်ထမ်း ၁,၉၀၀ ဦး ခေါ်ယူမည်ဖြစ်ပြီး လာမည့်ရှစ်လအတွင်း သူနာပြု ၁,၀၀၀ နီးပါးခန့်အပ်သွားမည်ဟု ပြောကြားခဲ့သည်။
ကွင်းဆင်းတာဝန်ကျ ကျန်းမာရေးဝန်ထမ်းများအား မော်တော်ဆိုင်ကယ်များ ထောက်ပံ့မည့်အစီအစဥ်ကို ၂၀၂၆ ခုနှစ် ဧပြီတွင် စတင်မည်ဟု Jayatissa က ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ငွေစာရင်းတွင် ကျန်းမာရေးဝန်ကြီးဌာနအတွက် ရူပီး ၅၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလီယံ)ကျော် ခွဲဝေသုံးစွဲရန် စီစဥ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။(Xinhua)
………………………..
(English Version)
Sri Lanka allocates 150 mln USD to complete stalled hospital projects
COLOMBO, Sept. 22 (Xinhua) — The Sri Lankan government has allocated 45 billion rupees (about 150 million U.S. dollars) to complete stalled hospital construction and development projects within the next two years, a minister said on Monday.
Minister of Health and Mass Media Nalinda Jayatissa told a gathering in the Eastern province that 1,900 health support staff will be recruited within the next two months, and close to 1,000 new nurses will also be recruited in the next eight months.
Jayatissa said a program to provide motorcycles for health workers engaged in field duties will begin in April 2026.
He added that in the 2026 budget, they plan to allocate over 550 billion rupees (1.83 billion dollars) for the health ministry.
Photo : Medical staff prepare for a kidney transplant surgery at the China-Sri Lanka Friendship National Nephrology Hospital in Polonnaruwa, Sri Lanka, March 14, 2022. (Xinhua/Tang Lu)