Connect with us

International Organizations

မာဒူအက်ကေ၏ ဒဏ်ရာအခြေအနေအား စစ်‌ဆေးအတည်ပြုမည်ဟု အာဆင်နယ်နည်းပြ အာတေတာ ဆို

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က ဆားဘီးယားအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် အုပ်စု-K ပွဲစဉ်၌ အင်္ဂလန်ကစားသမား နိုနီ မာဒူအက်ကေ (ဝဲ) နှင့် ဆားဘီးယားကစားသမား ဗယ်လ်ကို ဘီယာမန်ဆီဗစ်တို့ ဘောလုံးယှဉ်လုနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အာဆင်နယ် တောင်ပံကစားသမား နိုနီ မာဒူအက်ကေမှာ စက်တင်ဘာ ၂၁ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ရရှိခဲ့သည့် ၎င်း၏ဒူးဒဏ်ရာအား ထပ်မံစစ်ဆေးအဖြေရှာမှုများ ပြုလုပ်သွားမည်ဟု အာဆင်နယ်အသင်းမန်နေဂျာ မစ်ကယ် အာတေတာက အတည်ပြုပြောကြားခဲ့သည်။
ယခုနွေရာသီတွင် ချဲလ်ဆီးအသင်းမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာသည့် အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် မာဒူအက်ကေအား ထိုပွဲစဉ်၌ ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရပြီး ကနဦးဆေးစစ်မှုများ လုပ်ဆောင်ခဲ့ရသည်။ ၎င်း၏ဒဏ်ရာမှာ ပြင်းထန်သည်ဟု ယူဆရသော်လည်း ဒူးခေါင်းအတွင်း ရှေ့ခြမ်းအရွတ်ဒဏ်ရာ (ACL) မဟုတ်ဟု ယူဆရသဖြင့် အသင်းအတွက် စိတ်သက်သာရာရစရာဖြစ်ခဲ့သည်။
“နိုနီဟာ သီတင်းပတ်အနည်းငယ်လောက် အနားယူရမယ့်ပုံပေါ်ပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။ နောက်တစ်ပတ်ကျရင် ကျွန်တော်တို့ သူ့ဒဏ်ရာကို ထပ်ပြီးစစ်ဆေးရဦးမှာပါ” ဟု အာတေတာက ဆိုသည်။
“ပွဲအစပိုင်းမှာ သူ တစ်ခုခုကို ခံစားခဲ့ရပေမဲ့ အားတင်းပြီးဆက်ကစားခဲ့တာပါ။ ဒါပေမဲ့ ဒဏ်ရာက တော်တော်လေးနာကျင်နေတာမို့ စောင့်ကြည့်ရပါဦးမယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မာဒူအက်ကေမှာ စက်တင်ဘာ ၂၄ ရက်တွင် ပို့ထ်ဗေးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်အသင်း၏ ကာရာဘောင်းဖလားပွဲစဉ်အား လွဲချော်ခဲ့သလို အရေးပါသော လိဂ်ပွဲစဉ်အချို့နှင့် ဥရောပပွဲစဉ်အချို့ကိုလည်း လွဲချော်မည်ဖြစ်သည်။ ထို့အတူ အင်္ဂလန်အသင်း၏ လာမည့်ပွဲစဉ်များဖြစ်သည့် ဝေးလ်စ်၊ လတ်ဗီးယားအသင်းတို့နှင့် ပွဲစဉ်များတွင် ပါဝင်နိုင်မည်မဟုတ်သလို နိုဝင်ဘာလတွင် ဆားဘီးယား၊ အယ်လ်ဘေးနီးယားတို့နှင့် ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင်လည်း ပါဝင်နိုင်ရန် မသေချာသေးပေ။
မာဒူအက်ကေ၏ ဒဏ်ရာအခြေအနေမှာ မျှော်မှန်းထားသည့်အတိုင်း ပြန်လည်ကောင်းမွန်လာပါက နိုဝင်ဘာလ အစောပိုင်းတွင် ဆန်းဒါးလန်းအသင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အပြီး နိုဝင်ဘာ ၂၃ ရက်တွင် တော့တင်ဟမ်နှင့် ယှဉ်ပြိုင်ကစားမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းနှင့် တူနီးရှားကလပ် အက်စ်ပဲရန့်စ် ဒီတူနစ်ဆီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စု-D ဘောလုံးပွဲစဉ်၌ ထိုစဉ်က ချဲလ်ဆီးကစားသမားဖြစ်သည့် နိုနီ မာဒူအက်ကေ (ဝဲ) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်မတိုင်မီ အာဆင်နယ်အသင်း နည်းပြချုပ် မစ်ကယ် အာတေတာအား တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Madueke’s injury to be determined, says Arteta
LONDON, Sept. 23 (Xinhua) — Arsenal winger Noni Madueke will undergo further scans to assess the knee injury he sustained in Sunday’s 1-1 draw with Manchester City, manager Mikel Arteta confirmed on Tuesday.
The 23-year-old England international, who joined Arsenal from Chelsea in the summer, was forced off at halftime and has already undergone initial tests. While the injury is considered serious, the club is relieved that it is not believed to be an anterior cruciate ligament problem.
“It looks like Noni is going to be out for a few weeks, but we don’t really know yet, we will have to scan him next week again,” Arteta said.
“He felt something at the beginning of the match and tried to carry on but it was too sore, so let’s see,” he added.
Madueke will miss Arsenal’s Carabao Cup tie against Port Vale on Wednesday, along with several key league and European fixtures. He has also been ruled out of England’s upcoming matches against Wales and Latvia, and remains a doubt for November’s World Cup qualifiers against Serbia and Albania.
If his recovery progresses as planned, Madueke could return for the north London derby against Tottenham on November 23, following Arsenal’s trip to Sunderland earlier that month.
English Caption 1
England’s Noni Madueke (L) vies with Serbia’s Veljko Birmancevic during the Group K World Cup 2026 European Qualifiers football match between Serbia and England in Belgrade, Serbia, Sept. 9, 2025. (Photo by Predrag Milosavljevic/Xinhua)
English Caption 2
Noni Madueke (L) of Chelsea competes during the Group D football match between England’s Chelsea and Tunisia’ Esperance de Tunisie at the FIFA Club World Cup 2025 in Philadelphia, the United States, on June 24, 2025. (Xinhua/Wu Xiaoling)
English Caption 3
Arsenal’s head coach Mikel Arteta reacts before the English Premier League match between Crystal Palace and Arsenal in London, Britain, on Dec. 21, 2024. (Xinhua)