International Organizations
ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ် ဒါဘီပွဲအပြီး ချန်ပီယံလိဂ်ပွဲစဥ်များပြန်စမည်

မက်ဒရစ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အက်သလက်တီကိုမက်ဒရစ်နှင့် ရီးရဲလ်မက်ဒရစ် နှစ်သင်းလုံးသည် အောက်တိုဘာ ၁ ရက်တွင် ချန်ပီယံလိဂ်ပွဲစဥ်များ ပြန်လည်ကစားကြမည်ဖြစ်ပြီး အက်သလက်တီကိုက အိမ်ကွင်းတွင် အိန်းထရက်ချ်ဖရန့်ဖွတ်နှင့် ကစားရမည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က FC Kairat နှင့်ကစားရန် ကာဇက်စတန်ကို သွားရောက်မည်ဖြစ်သည်။
အက်သလက်တီကိုအသင်းသည် အိမ်ကွင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းကို စက်တင်ဘာ ၂၇ ရက်က ၅-၂ ဂိုးဖြင့် စိတ်လှုပ်ရှားဖွယ် အနိုင်ရရှိခဲ့ပြီးနောက်တွင် အိန်းထရက်ချ်ကို ကြိုဆိုနေသည်။ အဆိုပါနိုင်ပွဲသည် နည်းပြ ဒီယေဂိုဆီမြွန်နီ၏အသင်းအတွက် ကြီးမားသော စိတ်ခွန်အားတိုးမြှင့်ပေးခဲ့ပြီး အောက်တိုဘာ ၁ရက် Metropolitano အားကစားကွင်း၌ အက်သလက်တီကို ပရိသတ်များ ၊ အိန်းထရက်ချ်အသင်းကို အမြဲ လိုက်လံအားပေးလေ့ရှိသည့်ထောက်ခံအားပေးသူများနှင့် ပြည့်လျှံနေမည်ဟု မျှော်လင့်ရသည်။
ဆီမြွန်နီသည် ထိခိုက်ဒဏ်ရာရထားသည့် Johnny Cardoso ၊ Thiago Almada နှင့် ကာလရှည် အနားယူနေရသည့် နောက်ခံလူ Jose Gimenez တို့ကို အသုံးပြုနိုင်ခြင်းမရှိပေ။ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ငါးဂိုးသွင်းယူနိုင်ခဲ့သည့် Julian Alvarez နှင့် Alexander Sorloth တို့ကို တိုက်စစ်အသုံးပြုမည်လော၊ Giacomo Raspadori နှင့် Antoine Griezmann တို့ကို အသင်းထဲထည့်သွင်းမိတ်ဆက်ကာ အသစ်များနှင့် ကစားမည်လော ဆိုသည်မှာ နည်းပြအတွက် အဓိကအကျပ်အတည်းဖြစ်သည်။
Conor Gallagher အတွက် ကွင်းလယ်တွင် အခွင့်အရေးတစ်ရပ် စတင်နိုင်ခြေရှိပြီး Javi Galan က ဘယ်နောက်ခံလူ David Hancko နေရာကို ရရှိနိုင်ခြေရှိသည်။
ရီးရဲမက်ဒရစ်အသင်းသည် စက်တင်ဘာ ၂၈ ရက်တွင် မက်ဒရစ်မှ အယ်လ်မတ်တီသို့ ကီလိုမီတာ ၇,၀၀၀ ကျော် ခရီးအား ခုနစ်နာရီကျော်ကြာ လေယာဥ် စီးခဲ့ရသည်။
စက်တင်ဘာ ၂၇ ရက်ကစားပွဲသည် အလွန်ဆိုကို ဒဏ်ရာပြဿနာများ ထပ်မံတိုးပွားစေခဲ့သည်။ Dani Carvajal သည် ခြေသလုံးကြွက်သားဒဏ်ရာရခဲ့ပြီး Eder Militao သည်လည်းဒဏ်ရာကြောင့် ခရီးတွင် လိုက်ပါခဲ့ခြင်း မရှိပေ။ အိုလံပစ်မာဆေးလ် အသင်းနှင့် ချန်ပီယံလိဂ်ပထမဆုံးပွဲတွင် အနီကတ်ပြစ်ဒဏ်ရှိသောကြောင့် Carvajal ကိုလည်း ဆိုင်းငံ့ထားရမည်ဖြစ်သည်။
Trent Alexander-Arnold သည်လည်း ပါဝင်နိုင်ခြင်းမရှိသောကြောင့် အလွန်ဆိုသည် Raul Asencio ကို နေရာပြောင်းခြင်း သို့မဟုတ် အရန်အသင်းမှ David Jimenez ကို ကစားစေခြင်းမျိုးဖြင့် ညာနောက်ခံလူနေရာ အဆင်ပြေသလိုဖန်တီးရမည်ဖြစ်သည်။ Antonio Rudiger မပါဝင်နိုင်ခြင်းသည်လည်း ကွင်းလယ်ခံစစ်အတွက် David Alaba ကို အခွင့်အရေးပေးရဖွယ်ရှိကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Champions League returns after derby for Real and Atletico Madrid
MADRID, Sept. 29 (Xinhua) — Both Atletico and Real Madrid are in Champions League action on Tuesday with Atletico at home to Eintracht Frankfurt, while Real Madrid has travelled to Kazakhstan to play FC Kairat.
Atletico welcome Eintracht after its thrilling 5-2 win at home to Real Madrid in Saturday’s league derby. That should have given a huge morale boost to Diego Simeone’s side, who can expect the Metropolitano Stadium to be bouncing on Tuesday, with its own fans and Eintracht supporters, who always travel in numbers to back their team.
Simeone is without the injured Johnny Cardoso and Thiago Almada, with defender Jose Gimenez a long-term absentee. The coach’s main dilemma will be whether he sticks with Julian Alvarez, who has scored five goals in the past week, and Alexander Sorloth in attack, or whether he will look to freshen things up by introducing Giacomo Raspadori and perhaps Antoine Griezmann into his side.
Conor Gallagher could also have a chance of starting in midfield, with Javi Galan in at left back for David Hancko.
Real Madrid on Sunday flew the 7,000 kilometers from Madrid to Almaty in a flight that took over seven hours.
Saturday’s game also left Alonso with further injury problems, with Dani Carvajal suffering a calf injury and Eder Militao a knock which has stopped them from traveling (although Carvajal was suspended anyhow after his red card in Real’s opening Champions League game) against Olympique de Marseille.
With Trent Alexander-Arnold already out of action, that means Alonso will have to improvise at right back with either Raul Asencio stepping across or B-teamer David Jimenez playing, while Antonio Rudiger’s absence could give a chance to David Alaba in central defense.
Photo : Rodrygo (L) of Real Madrid vies with Pablo Barrios of Atletico de Madrid during the UEFA Champions League Round of 16 second leg football match between Atletico de Madrid and Real Madrid in Madrid, Spain, on March 12, 2025. (Photo by Gustavo Valiente/Xinhua)