Connect with us

China

အီတလီနိုင်ငံ သမ္မတ Sergio Mattarella နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

အီတလီနိုင်ငံ သမ္မတ Sergio Mattarella နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တို့ အီတလီနိုင်ငံ ရောမမြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ရောမ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ သမ္မတ Sergio Mattarella နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တို့သည် အောက်တိုဘာ ၉ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် Sergio Mattarella က သမ္မတ ရှီကျင့်ဖိန်ထံ ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား ဝမ်ရိမှတစ်ဆင့် ပြောကြားပြီး ၁၂ ကြိမ်မြောက် အီတလီ-တရုတ် အစိုးရကော်မတီ အစည်းအဝေးတွင် အပြုသဘောဆောင်သော ရလဒ်များ ရရှိခြင်းကို ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်း၌ နာမည်ကျော်ကြားပြီး တစ်နေ့တခြား အရေးကြီးလာသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အီတလီအနေဖြင့် တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှုအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား တစ်ဆင့် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အီတလီက ဥရောပနှင့် ကမ္ဘာ့အပေါ် အကျိုးသက်ရောက်မှုကို အလေးထားကြောင်း၊ အီတလီနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ သဘောတူညီချက်ကို အကောင်အထည်ဖော်ကာ တရုတ်-အီတလီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး လှုပ်ရှားမှုအစီအစဉ်ကို အရှိန်မြှင့်တွန်းအားပေး၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတည်ငြိမ်ကောင်းမွန်လာရန်၊ ပိုမိုကြံ့ကြံ့ခံနိုင်မှုရှိလာရန်၊ ရလဒ်ပိုမိုကြွယ်ဝလာရန် အာမခံပေးသွားလိုကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက မိမိတို့အနေဖြင့် မတူညီသော ယဉ်ကျေးမှုအကြား ပေါင်းကူးတံတားချိတ်ဆက်မှု၏ အခန်းကဏ္ဍမှ ပါဝင်ရန် ပိုမိုများပြားသော ယနေ့ခေတ်ဗားရှင်း “မာကိုပိုလို” များ လိုအပ်လာကြောင်း၊ တရုတ်-အီတလီ၏ သမိုင်းကြောင်းကြာရှည်သော ယဉ်ကျေးမှုအနှစ်သာရနှင့် နက်ရှိုင်းသော သမိုင်းတည်ငြိမ်မှုစွမ်းအားကြောင့် မိမိတို့သည် အပြန်အလှန်၏ မတူညီမှုများကို လက်ခံနားလည်စွာ ရှုမြင်နိုင်ပြီး ယနေ့ခေတ် စိန်ခေါ်မှုများကို ဉာဏ်ပညာဖြင့်ရင်ဆိုင်ကာ ရေရှည်အမြော်အမြင်ဖြင့် လူသားတို့ အနာဂတ်ကို ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံများသည် တူညီသော ကမ္ဘာ့ရွာကြီးတစ်ခုတည်းတွင် အသက်ရှင်နေထိုင်နေကြလျက်ရှိရာ မတူကွဲပြားသော ကွာဟမှုများကို ကျော်ဖြတ်၍ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေခြင်းကို လက်ကိုင်ထားကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းအား လက်တွဲတည်ဆောက်သင့်သည်ဟု သမ္မတ ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့ကြောင်း၊ ယင်းအတွက် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်ကိုလည်း အဆိုပြုခဲ့ရာ ယနေ့ခေတ်ကမ္ဘာကြီးတွင် အလိုအပ်ဆုံး အများပြည်သူထုတ်ကုန်ကို ပံ့ပိုးပေးခဲ့ကြောင်း၊ အထူးသဖြင့် မကြာသေးမီကမှ အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ကုလသမဂ္ဂ၏ ဦးဆောင်မှုအခန်းကဏ္ဍအား ခိုင်မြဲအောင် မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲခြင်းမှတစ်ဆင့် ပိုမိုတရားမျှတကာ ကျိုးကြောင်းဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တည်ဆောက်ရန် ရည်ရွယ်ကြောင်း၊ အီတလီအနေဖြင့်လည်း တက်ကြွစွာပါဝင်လာပြီး တရုတ်နိုင်ငံနှင့်အတူ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒအား ကျင့်သုံးကာ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ် ယဉ်ကျေးမှု တိုးတက်ရေးအတွက် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Sergio Mattarella က လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အယူအဆကို သဘောတူညီပြီး သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော အရေးကြီးအစီအမံများအား ကြိုဆိုကြောင်း၊ ယင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း လိုအပ်ချက်နှင့် အပြည့်အဝကိုက်ညီသလို နိုင်ငံအသီးသီးပြည်သူများ၏ ဆန္ဒနှင့်လည်း ကိုက်ညီသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေ၊ ယူကရိန်းအကျပ်အတည်း စသည်တို့နှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ခရီးစဉ်အတွင်း ဝမ်ရိသည် အီတလီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၁၂ ကြိမ်မြောက် တရုတ်-အီတလီ အစိုးရကော်မတီ ပူးတွဲအစည်းအဝေးကိုလည်း အတူတကွ တက်ရောက်ကာ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

———————–
(Chinese Version)
意大利总统马塔雷拉会见王毅
新华社罗马10月9日电 10月9日,意大利总统马塔雷拉在罗马会见中共中央政治局委员、外交部长王毅。
马塔雷拉请王毅转达对习近平主席的诚挚问候,祝贺第12次意中政府委员会会议取得积极成果,表示中国在国际社会中享有盛望,担当着日益关键和重要的角色,意方期待中国为世界和平稳定做出更大贡献。
王毅转达习近平主席的亲切问候,表示中方重视意大利在欧洲和世界上的影响,愿同意方一道落实两国领导人共识,加快推进中意全面战略伙伴关系行动计划,确保两国关系更加稳健、更具韧性、更富成果。
王毅说,我们需要更多现代版的“马可·波罗”,发挥不同文明间的桥梁纽带作用。中意悠久的文化积淀和深厚的历史定力,使我们能够以包容看待彼此不同,以智慧应对当今挑战,以远见开辟人类未来。习近平主席指出,各国生活在同一个地球村,应超越隔阂差异分歧,坚持共商共建共享,携手构建人类命运共同体。习近平主席还为此提出四大全球倡议,提供了当今世界最需要的公共产品。特别是不久前提出的全球治理倡议,旨在巩固强化联合国主导地位,通过改革完善全球治理,建设更加公正合理的全球治理体系。希望意方也能积极参与,同中方一道践行真正的多边主义,为世界和平和人类文明进步作出新的贡献。
马塔雷拉赞同人类命运与共的理念,欢迎习近平主席提出的一系列重大倡议,认为完全符合国际社会的需要,符合各国人民愿望。
双方还就中东局势、乌克兰危机等交换意见。
访问期间,王毅还同意大利副总理兼外长塔亚尼举行会谈、共同出席中意政府委员会第12次联席会议并会见记者。(完)
图说:当地时间2025年10月9日,意大利总统马塔雷拉在罗马会见中共中央政治局委员、外交部长王毅。 新华社记者 李京 摄