Connect with us

Politics, Law & Military

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး ယနေ့စတင် ကျင်းပ


ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကို ယနေ့နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီအချိန်မှ စတင်၍ တစ်နိုင်ငံလုံး အနှံ့ မဲရုံများအသီးသီး၌ ဆန္ဒမဲပေးခြင်းဖြင့် စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင် ပြည်သူ ၃၃ သန်းခန့် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် နေရာများအတွက် ဆန္ဒမဲများကို ပေးကြရမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် ဆန္ဒမဲပေးနေသူတစ်ဦး အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ယခု ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ၆ ကြိမ်မြောက် ပြုလုပ်သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ဖြစ်ပြီး ယခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီကိုယ်စားပြု ကိုယ်စားလှယ် စုစုပေါင်း ၆၀၃၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကာ ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများထက် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ် အများဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ရှိ မဲဆန္ဒနယ်မြေ ၁၁၇၁ နယ်မြေအနက် ပန်ဆန်း ၊ နားဖန်း ၊ ပန်ဝိုင် ၊ မိုင်းမော ၊ မိုင်းလား ၊ ကျေးသီးနှင့် မိုင်းရှုး မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် အခြေအနေရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသည်။
ယခု ပြုလုပ်သော ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများထက် ပြည်သူလူထု စိတ်ပါဝင်စားမှု ပိုမိုများပြား မြင့်တတ်လာသည်ကို တွေ့မြင်ရသကဲ့သို့ နိုင်ငံတကာမှ လေ့လာသူ ၁,၁၁၈ ဦးနှင့် ပြည်တွင်း လေ့လာသူ ၉,၄၀၆ ဦးနှင့် ပြည်ပ သတင်း မီဒီယာ စောင့်ကြည့် လေ့လာသူ ၂၉၁ ဦး ၊ စုစုပေါင်း စောင့်ကြည့် လေ့လာသူ ၁၀,၈၁၅ ဦး ကို ရွေးကောက်ပွဲတွင် လေ့လာနိုင်ရန် ခွင့်ပြုထားသည်။

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကို ကိုယ်စားပြုသော ကိုယ်စားလှယ်လောင်း အများဆုံး ပါဝင် ယှဉ်ပြိုင်ကြပြီး နိုင်ငံရေးပါတီ ၉၁ ပါတီအနက် တိုင်းရင်းသား လူမျိုးစုများ၏ နိုင်ငံရေးပါတီများမှာ ၅၃ ပါတီ အထိ အများဆုံး ပါဝင် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117