Economy
တရုတ်နိုင်ငံ ရှင်းကျန်းဒေသက ပထမသုံးလပတ်ကာလ သုံးခုအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက်ရန် ဆွဲဆောင်နိုင်ခဲ့

ဝူးလူမုချီ၊ အောက်တို ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ဒေသတွင်းပြင်ပမှ ရင်းနှီးမြုပ်နှံမှု ယွမ် ၈၄၇.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၉.၅ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၈.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားမှုအရ သိရသည်။အဆိုပါကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း စုစုပေါင်း ၄,၀၀၆ ခုကို အကောင်အထည်ဖော်ခဲ့ကြောင်း ဒေသဆိုင်ရာကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ထုတ်ပြန်ပြောကြားချက်အရ သိရသည်။ အဆိုပါ စီမံကိန်းများတွင် ကျောက်မီးသွေးကို သန့်စင်ပြီး ထိရောက်စွာ အသုံးချရေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် စီမံဆောင်ရွက်ခြင်းစသော ကဏ္ဍများလည်း ပါဝင်ကြောင်းသိရသည်။
တိုးတက်လာသည့် ရင်းနှီးမြှုပ်နှံမှုများအနက် ယွမ် ၅၆၆.၈ ဘီလီယံခန့်မှာ ရှင်းကျန်းဒေသသို့ ယှဥ်တွဲ ထောက်ပံ့မှုအစီအစဥ်အရ ပြည်နယ်သို့မဟုတ် မြူနီစီပယ်မြို့ ၁၉ ခုမှရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုများ၏ ၆၆.၉ ရာခိုင်နှုန်း ရှိခဲ့သည်။ ပေကျင်းအပြင် ကျဲ့ကျန်းပြည်နယ်နှင့် ကွမ်တုန်းပြည်နယ်များကလည်း ရင်းနှီးမြှုပ်နှံခဲ့သူများထဲတွင်ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။
တရုတ်နိုင်ငံဗဟိုအစိုးရသည် ၂၀၁၂ ခုနှစ်ကတည်းကစ၍ ရှင်းကျန်းအတွက် ယှဥ်တွဲထောက်ပံ့မှုရန်ပုံငွေအဖြစ် ယွမ် ၂၀၀ ဘီလီယံကျော်ခွဲဝေချထားပေးခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကလည်း ရှင်းကျန်းကို အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် အကူအညီဖြစ်စေခဲ့ကြောင်း သိရသည်။ (Xinhua)
——————————–
(English Version)
Xinjiang attracts rising investment in first 3 quarters
URUMQI, Oct. 18 (Xinhua)
China’s Xinjiang Uygur Autonomous Region saw 847.5 billion yuan (about 119.5 billion U.S. dollars) of investment from outside the region in the first three quarters of 2025, up 18.2 percent year on year, according to local authorities.
A total of 4,006 investment projects were implemented during the period, the regional department of commerce said. These projects cover sectors such as the clean and efficient utilization of coal, and the production and processing of oil and gas.
Around 566.8 billion yuan came from 19 provinces or municipalities that provide paired assistance to Xinjiang, making up 66.9 percent of the total. Beijing and the provinces of Zhejiang and Guangdong were among the top contributors.
Since 2012, the central government has allocated over 200 billion yuan in paired-assistance funds for Xinjiang, helping Xinjiang move onto a path of high-quality development. ■
Photo:
A staff member prepares vegetable juice for visitors at a factory-styled smart farm in Kuqa City, Aksu Prefecture, northwest China’s Xinjiang Uygur Autonomous Region, Aug. 13, 2025. (Xinhua/Liu Jiaqi)