Connect with us

Politics, Law & Military

နိုင်ငံတကာ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာ သူများ၏ ကျင့်ဝတ် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် မှ ကြေညာချက် ထုတ်ပြန်

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး မှ မီဒီယာ များအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများ၏ ကျင့်ဝတ်နှင့် ပက်သက်၍ ယနေ့ ကြေညာချက ်ထုတ်ပြန် လိုက်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရန် ကျင့်ဝတ် (၁၆) ချက်ပါရှိသည်။

နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ ကျင့်ဝတ် (၁၆) ချက်ထဲတွင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူူ မစ်ရှင်တစ်ခုခုမှ စောင့်ကြည့် လေ့လာသူ အဖွဲ့ဝင်တိုင်းသည် ဤ ကျင့်ဝတ်ပါ အချက်များအား ဖတ်ရှုပြီး နောက်ဆက်တွဲ ဖော်ပြထားသည့် ပူးတွဲ ခံဝန်ချက်ကိုပါ လက်မှတ်ရေး ထိုးရမည်ဟုပါရှိသည်။

၎င်းတို့အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် မဲရုံ ဝန်ထမ်းများ၏ အခွင့် အာဏာများကို လိုက်နာရမည်ဟု ပါရှိသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် မေးခွန်းများ မေးမြန်းခွင့်၊ မရှင်းလင်းသည့် အချက်များအား မေးမြန်းခွင့် ရှိပြီး ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလများ၏ လုပ်ငန်းစဉ်များတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ အဟန့်အတား မဖြစ်စေရဟူသည့် အချက်ပါရှိသည်။

နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများသည် မြန်မာနိုင်ငံအစိုးရမှ ထုတ်ပြန်ထားသော နည်းဥပဒေများနှင့်အညီ ဗီဇာလျှောက်ထားရမည်ဖြစ်ပြီး၊ ခွင့်ပြုသည့် ဗီဇာရက် သတ်မှတ်ချက်ထက် ကျော်လွန်၍ မြန်မာနိုင်ငံတွင် နေထိုင်ခြင်းမပြုရဆိုသည့် အချက်လည်း ကြေညာချက်ထဲတွင် ပါရှိသည်။

ဒီမိုကရက်တစ်ပါတီ ( မြန်မာ ) မှ ဥက္ကဌ ဦးသုဝေက “နောက်ထပ ်အရေးကြီးတဲ့ အချက်ကတော့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တစ်ဦးချင်းက ဖြစ်ဖြစ်၊ အဖွဲ့အစည်းက ဖြစ်ဖြစ် အခုရွေးကောက်ပွဲ ကော်မရှင်က ကြေညာတဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့ရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူူအဖြစ် ထုတ်ပေးထားတဲ့ အသိအမှတ်ပြုကတ်ကို ရုပ်သိမ်းခွင့်ရှိတယ်။ အဲ့ဒီ့ အဆုံးအဖြတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကလည်း ဂရုပြုသင့်တယ်” ဟုပြောသည်။

နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ ကျင့်ဝတ်များကို ထုတ်ပြန်သကဲ့သို့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ ကျင့်ဝတ်များကိုလည်း ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူူများအတွက် ကျင့်ဝတ် (၁၉) ချက်ပါရှိသည်။ အချို့ကျင့်ဝတ်များသည် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ လိုက်နာရမည့် လိုက်နာရမည့် ကျင့်ဝတ်များနှင့် တူညီမှု ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူူများ စောင့်ကြည့် လေ့လာ နိုင်ရန်အတွက် ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၉၀) အရ အဆိုပါ ကျင့်ဝတ်များအား ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117