International Organizations
အဓိကခြေစစ်ပွဲများအတွက် ပွာတိုကို ဟွန်ဒူးရပ်စ် ခေါ်ယူ
တေဂူဆီဂါလ်ပါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
ဟွန်ဒူးရပ်စ်အသင်းမန်နေဂျာ ရိန်းနယ်ဒို ရူဒါက နီကာရာဂွာနှင့် ကော်စတာရီကာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့် အဆုံးအဖြတ်ဖြစ်သော ခြေစစ်ပွဲများအတွက် ၎င်း၏အသင်းလူစာရင်းတွင် ပွဲထွက်မကစားရသေးသော တိုက်စစ်မှူး အဲရစ် ပွာတိုကို ထည့်သွင်းလိုက်ကြောင်း ဟွန်ဒူးရပ်စ်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၄ ရက်၌ ကြေညာခဲ့သည်။အသက် ၂၄ နှစ်အရွယ် ပွာတိုသည် Platense FC အတွက် ၁၄ ပွဲတွင် ၁၁ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ခြင်းဖြင့် ယခုရာသီ၌ ဟွန်ဒူးရပ်စ်၏ ထိပ်တန်းကစားသမားစာရင်း၌ ပါဝင်ခဲ့သည်။
လွန်ခဲ့သည့် နိုဝင်ဘာလက မက္ကဆီကိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ၎င်း၏နိုင်ငံအတွက် နောက်ဆုံးပါဝင်ကစားခဲ့သော နက်ရှ်ဗီးလ်ကွင်းလယ်လူ ဘရိုင်ယန် အက်ကိုစတာကိုလည်း နည်းပြချုပ် ရူဒါက ပြန်လည်ခေါ်ယူခဲ့သည်။
ဟွန်ဒူးရပ်စ်အသင်းသည် နီကာရာဂွာနိုင်ငံ၏ မြို့တော်မာနာဂွာ၌ နိုဝင်ဘာ ၁၃ ရက်၌ နီကာရာဂွာနှင့် ရင်ဆိုင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းနောက် ငါးရက်အကြာတွင် ကော်စတာရီကာနိုင်ငံ မြို့တော်ဆန်ဟိုဆေး၌ ကော့စတာရီကာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရူဒါ၏အသင်းသည် CONCACAF (ကွန်ကာကက်ဖ်) ဒေသ၏ ခြေစစ်ပွဲနောက်ဆုံးအဆင့်တွင် အုပ်စု C ၏ ထိပ်ဆုံးမှ ရပ်တည်နေပြီး ဒုတိယနေရာရှိ ကော့စတာရီကာအသင်းထက် နှစ်မှတ်အသာဖြစ်သည့် ရှစ်မှတ်ဖြင့် ဦးဆောင်လျက်ရှိသည်။
အုပ်စုသုံးစုမှ ထိပ်ဆုံးအသင်းတစ်သင်းစီသည် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသို့ အလိုအလျောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ အကောင်းဆုံး ဒုတိယနေရာရ အသင်းနှစ်သင်းမှာမူ ကမ္ဘာ့ဖလား playoff ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။
ဟွန်ဒူးရပ်စ်အသင်းသည် ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Honduras calls up Puerto for key qualifiers
TEGUCIGALPA, Nov. 4 (Xinhua) — Honduras manager Reinaldo Rueda has named uncapped forward Erick Puerto in his squad for decisive World Cup qualifiers against Nicaragua and Costa Rica, the Honduran Football Federation said on Tuesday.
Puerto, 24, has been a revelation in Honduras’ top flight this season with 11 goals in 14 games for Platense FC.
Rueda also recalled Nashville midfielder Bryan Acosta, who last represented his country in a 2-0 victory over Mexico last November.
Honduras will face Nicaragua in Managua on November 13 and Costa Rica in San Jose five days later.
Rueda’s team is currently top of Group C in the final round of the CONCACAF region’s qualifiers with eight points, two ahead of second-placed Costa Rica.
The top team from each of the three groups will automatically qualify for the 2026 tournament in the United States, Mexico and Canada. The two best-ranked runners-up will advance to the inter-confederation playoffs.
Honduras is aiming to qualify for the World Cup for the first time since the 2014 edition in Brazil, when it was eliminated in the group stage. ■
