Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တရားရုံးက ဖြုတ်ချခံဝန်ကြီးချုပ်ဟောင်း ဟာစီနာကို လာဘ်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ တွေ့ဆုံပွဲတစ်ခုအတွင်း စကားပြောကြားနေသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- PMO/Handout via Xinhua)

ဒါကာ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ရာထူးမှဖြုတ်ချခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဒါကာမြို့၏ Purbachal မြို့သစ်စီမံကိန်းနှင့် ဆက်စပ်၍ လာဘ်စားမှုဖြင့် ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်အား တရားရုံးက ဒီဇင်ဘာ ၁ ရက်၌ ချမှတ်ခဲ့ကြောင်း သိရသည်။

ဒါကာမြို့တော်ရှိ တရားရုံးက ဟာစီနာ၏ ညီမဖြစ်သူ ရှိတ်ရီဟာနာ၊ ရီဟာနာ၏ သမီးဖြစ်သူ ကျူးလစ်ဆစ်ဒစ်တို့ကိုလည်း ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အမျိုးမျိုးသောပြစ်ဒဏ်များဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
ယခင်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၄ ခုနှစ် ဇူလိုင်လလူထုဆန္ဒပြမှုအတွင်း လူသားမျိုးနွယ်အား ပြစ်မှုကျူးလွန်မှုများအတွက် ဒါကာရှိ အထူးတရားရုံးက ဟာစီနာကို မျက်ကွယ်‌သေဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားရုံးက အသက် ၇၈ နှစ်အရွယ် ဟာစီနာအား အိန္ဒိယနိုင်ငံမှ ပြန်လာကာ တရားရင်ဆိုင်ရန်လည်း ညွှန်ကြားခဲ့သည်။ ၎င်းသည် ယခင်နှစ်က ရာထူးမှဖယ်ရှားခံရသည်အထိ ဖြစ်ပွားခဲ့သော ကျောင်းသားများဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်တုံ့ပြန်နှိမ်နင်းရန် ညွှန်ကြားမှုဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Bangladesh court convicts ousted PM Hasina of corruption
DHAKA, Dec. 1 (Xinhua) — A Bangladeshi court on Monday sentenced ousted ex-Prime Minister Sheikh Hasina to five years in prison for corruption related to the Dhaka’s Purbachal New Town project.
The court in capital Dhaka also found her sister, Sheikh Rehana, and Rehana’s daughter Tulip Siddiq, guilty and sentenced them to varying terms in prison.
Last month, a special tribunal in Dhaka sentenced Hasina in absentia to death for crimes against humanity during the country’s July uprising in 2024.
The tribunal has ordered 78-year-old Hasina to return from India and face trial. She is accused of ordering a violent police response to a student protest, which led to her being removed from power last year.
Photo: Bangladeshi Prime Minister Sheikh Hasina speaks at a meeting in Dhaka, Bangladesh, on Jan. 8, 2024. (PMO/Handout via Xinhua)