Connect with us

Social

UEHRD တစ်နှစ်ပြည့်အခမ်းအနား နေပြည်တော်တွင် ကျင်းပ

UEHRD နှစ်ပတ်လည် အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မုဒိတာ စကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စု အဆင့် လုပ်ငန်းအဖွဲ့ (UEHRD:_ Union Enterprise for Humanitarian Assistance, Resettlement and Development) ၏ နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော် NRPC ၌ ယနေ့ ညနေပိုင်းတွင် ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ UEHRD ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ြ ပီး UEHRD ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီခဲ့ကြသော ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများ၊ ဒေသ အာဏာပိုင်များ၊ ဒေသခံ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများအား ကျေးဇူး အထူးတင်ရှိကြောင်း မုဒိတာ စကားများ ပြောကြားခဲ့သည်။

UEHRD နှစ်ပတ်လည် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်လာစဉ် (ဆင်ဟွာ)

UEHRD နှစ်ပတ်လည် အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တက်ရောက်လာစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

UEHRD နှစ်ပတ်လည် အခမ်းအနား၌ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက် ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က“UEHRD နဲ့ ပတ်သက်လို့ သဘောအကျဆုံး ကိစ္စက လူငယ်တွေ ပါဝင် လုပ်ကိုင်လာတဲ့ ကိစ္စပါပဲ၊ ရခိုင်ပြည်နယ်မှာ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ လူငယ်တွေက ပါဝင် လုပ်ကိုင်ပေး ခြင်း ဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက်ပါ အလွန်ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်၊ ICRC ရဲ့ ဆောင်ရွက်ချက်တွေကလည်း UEHRD လုပ်ငန်းတွေကို အင်မတန်မှ အထောက်အကူဖြစ်စေပါတယ်၊ နောက်ပြီး နိုင်ငံတကာ အသိုက်အဝန်းရဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ကိုလည်း ကျွန်မတို့ တန်ဖိုးထား ပါတယ်။ ပါဝင်ဆောင်ရွက်ကြတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူပြည်သား အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က UEHRD ၏ တစ်နှစ်တာ လုပ်ဆောင်ချက်များကို Video Clip ဖြင့် ရှင်းလင်း တင်ပြခဲ့ရာတွင် … … ရခိုင်ပြည်နယ်၌ UEHRD လုပ်ငန်းများကို working group ဆယ်ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေချိန် တွင် အခြား တစ်ဘက်မှလည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ယခုအခါ ဥရောပ ကုမ္ပဏီကြီးတစ်ခုက ရခိုင်ပြည်နယ်တွင် ဟိုတယ် လုပ်ငန်း ဆောင်ရွက်ရန် စတင် ကမ်းလှမ်းလာပြီဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ သည်။ ထို့နောက် အမှတ်တရ စုပေါင်း ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117