Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံတွင် ပြန်ပေးဆွဲခံရသော ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအား ကယ်တင်နိုင်ပြီးဖြစ်

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့၌ ကျင်းပသည့် အကြမ်းဖက်တိုက်ဖျက်မှု လေ့ကျင့်ရေးအတွင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဒဏ်ရာရရှိသူများအား ရွှေ့ပြောင်းပေးခြင်းအား နမူနာထားလုပ်ဆောင်နေသည်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကန်ပါလာ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အလယ်မြောက်ပိုင်းဒေသ နိုင်ဂါပြည်နယ် အက်ဝါလာဒေသ ခရစ်ယာန်ဘာသာ စာသင်ကျောင်းတစ်ကျောင်းမှ ပြန်ပေးဆွဲခံရသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၁၆၅ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ဂျီးရီးယား “Tribune” ဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၇ ရက်တွင် နိုင်ဂျီးရီးယားနိုင်ငံ ဒေသန္တရအစိုးရ၏ သတင်းကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယခုအကြိမ် ကယ်တင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးသည် လက်ရှိတွင် နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်တွင် နိုင်ဂါပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်မည်ဟု အခြားကုလသမဂ္ဂ သတင်းအရင်းမြစ်က မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အဆိုပါစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၃၁၅ ဦးသည် အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်များ၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရကာ ယင်းသည် နိုင်ဂျီးရီးယားနိုင်ငံ၏ လတ်တလောနှစ်ပိုင်းအတွင်း ထိခိုက်နစ်နာသူ လူဦးရေအများဆုံး ပြန်ပေးဆွဲအမှုများအနက် တစ်ခုဖြစ်သည်။ ရဲတပ်ဖွဲ့၏ ရှင်းလင်းရေတွက်မှုအရ ပြန်ပေးဆွဲခံရသူများတွင် ကျောင်းသား၊ ကျောင်းသူ ၃၀၃ ဦးနှင့် ဆရာ၊ ဆရာမ ၁၂ ဦး ပါဝင်ပြီး ၎င်းအနက် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးခန့်မှာ နိုဝင်ဘာ ၂၁ ရက်နှင့် နိုဝင်ဘာ ၂၂ ရက်တွင် ဆက်တိုက်လွတ်မြောက်လာခဲ့ပြီဖြစ်သည်။
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတွင် လက်နက်ကိုင်အဖွဲ့ဝင်များက မကြာခဏ အရပ်သားပြည်သူနေအိမ်များကို လုယက်ခြင်း၊ မွေးမြူရေးတိရစ္ဆာန်များအား ခိုးယူခြင်း၊ ဓားစာခံဖမ်းထားခြင်းတို့ဖြင့် လျော်ကြေးငွေတောင်းယူလေ့ရှိသည်။ အစွန်းရောက်အဖွဲ့အစည်းများကလည်း အဆိုပါဒေသ၌ တက်ကြွစွာလှုပ်ရှားပြီး အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ လူထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ခဲ့သည်။ (Xinhua)
——————
(Chinese Version)
尼日利亚100名遭绑架学生已获救
新华社坎帕拉12月8日电 阿布贾消息:尼日利亚《论坛报》网站7日援引尼地方政府消息报道,该国中北部尼日尔州阿瓜拉地区一所天主教学校遭绑架的100名学生已获救,但仍有165名师生下落不明。
另有联合国方面消息人士对媒体透露,此次解救的100名学生目前已抵达尼首都阿布贾,并将于8日移交给尼日尔州政府。
11月21日凌晨,该校315名师生被不明身份武装人员绑架,这是尼日利亚近年来受害人数最多的绑架案之一。根据警方清点,被绑架者包括303名学生和12名教师。其中约50名学生已于21日、22日陆续逃脱。
在尼日利亚西北部和中部地区,武装分子常洗劫民宅、偷盗牲畜、绑架人质,以索要赎金。极端组织也活跃于这一地区,频繁发动恐怖袭击,导致大量人员伤亡和财产损失。(完)
图说:2021年7月7日,救援人员在尼日利亚阿布贾举行的反恐演习期间模拟转移伤者。新华社发(彼得·奥巴摄)