Economy
တရုတ်နိုင်ငံက ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းတွင် ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းများ စတင်
ဟိုင်ခို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဧရိယာအားဖြင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ဖြစ်သော ဟိုင်နန် FTP တွင် ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းများကို စတင်ခဲ့ပြီး ပြည်ပမှ ကုန်စည်များ လွတ်လပ်စွာဝင်ရောက်ခွင့်ပြုကာ စည်းကြပ်ခွန်သုည အကျုံးဝင်မှုနှင့် စီးပွားရေးလုပ်ငန်းအားပေးသော အစီအမံများစွာ တိုးချဲ့ထားကြောင်း သိရသည်။အဆိုပါ ဆောင်ရွက်ချက်သည် ကမ္ဘာတစ်ဝန်း ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မြင့်တက်လာချိန်၌ လွတ်လပ်စွာ ကုန်စည်စီးဆင်းမှုမြှင့်တင်ရေးနှင့် စံနှုန်းမြင့်တံခါးဖွင့်လှစ်မှု တိုးချဲ့ရေးအတွက် တရုတ်နိုင်ငံ၏ လက်ရှိကြိုးပမ်းအားထုတ်မှုတွင် အထင်ကရ ခြေလှမ်းတစ်ရပ်အဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လျက်ရှိသည်။
အစီအစဉ်အသစ်များအရ စတုရန်းကီလိုမီတာ ၃၀,၀၀၀ ကျော် ရှိသော ဟိုင်နန်ကျွန်းသည် အထူးအကောက်ခွန် ကြီးကြပ်ရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းမှာ ဟိုင်နန် FTP ဖော်ထုတ်မှုတွင် အဆင့်သစ်တစ်ခုလည်း ဖြစ်ပြီး စည်းကြပ်ခွန်ကင်းလွတ်မှုများ၊ နည်းပါးသောအခွန်နှုန်းထားများနှင့် ရိုးရှင်းလွယ်ကူသော အခွန်စနစ်များ ပံ့ပိုးခြင်းအားဖြင့် ကုန်စည်များ၊ ရင်းနှီးငွေ၊ လူပုဂ္ဂိုလ်နှင့် အချက်လက်များ လွတ်လပ်စွာ စီးဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China launches island-wide special customs operations in Hainan FTP
HAIKOU, Dec. 18 (Xinhua) — China on Thursday launched island-wide special customs operations in the Hainan Free Trade Port (FTP), the world’s largest FTP by area, allowing freer entry of overseas goods, expanded zero-tariff coverage and more business-friendly measures.
The move is widely seen as a landmark step in China’s ongoing efforts to promote free trade and expand high-standard opening-up at a time of rising protectionism worldwide.
Under the new arrangements, the tropical island of more than 30,000 square km has been designated as a special customs supervision zone. This marks a new stage in the development of the Hainan FTP, which enables freer flows of goods, capital, personnel and data, supported by zero tariffs, low tax rates and a simplified tax system.
