Politics, Law & Military
စစ်ဝါဒနှင့် ဆက်နွှယ်မှု လုံးဝဖြတ်တောက်ခြင်းက ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာရှတိုက် အိမ်နီးချင်းနိုင်ငံများ၏ ယုံကြည်မှုနှင့် နားလည်မှုရရှိရန် အရေးကြီးလိုအပ်ချက်ဖြစ်
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
စစ်ဝါဒလမ်းဟောင်း ပြန်လည်လျှောက်လှမ်းခြင်းသည် လမ်းမှားဖြစ်သလို အဆုံးသတ်လမ်းသာဖြစ်မည်ဟု သမိုင်းနှင့်ဖြစ်ရပ်မှန်က သက်သေထူထားပြီးဖြစ်ကြောင်း၊ စစ်ဝါဒနှင့် ဆက်နွှယ်မှု လုံးဝဖြတ်တောက်ခြင်း၊ စိတ်ရင်းအမှန်ဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်သောလမ်းကြောင်း လျှောက်လှမ်းခြင်းသည် ဂျပန်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာရှတိုက် အိမ်နီးချင်းနိုင်ငံများ၏ ယုံကြည်မှုနှင့် နားလည်မှုရရှိရန် အရေးကြီးလိုအပ်ချက်ဖြစ်သလို ဂျပန်ပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့်ကိုက်ညီသော မှန်ကန်သည့်ရွေးချယ်မှုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က လတ်တလောကာလတွင် ဂျပန်နိုင်ငံ နိုင်ငံရေးလောက၊ ပညာရပ်လောက၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ပြည်သူအစုအဖွဲ့များက ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့် ပြောဆိုပြုမူမှုနှင့် ဂျပန်အစိုးရ၏ စစ်ရေးအင်အားတည်ဆောက်ခြင်း၊ စစ်ရေးအင်အားတိုးချဲ့ခြင်း ဟူသည့် အန္တရာယ်ရှိသော အချက်ပြမှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်၍ ဂျပန်အစိုးရအနေဖြင့် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသောပြောဆိုချက်အား ရုပ်သိမ်းရန် တောင်းဆိုလာသည်ကို မိမိတို့ သတိပြုမိကြောင်း၊ ယင်းအပေါ် ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုဖြေကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကောကျားခွန်းက မိမိတို့အနေဖြင့် သက်ဆိုင်ရာအခြေအနေအား သတိပြုမိကြောင်း၊ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ နိုဝင်ဘာ ၇ ရက် ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောဆိုချက်နှင့် ဂျပန်ဘက်က လတ်တလောကာလအတွင်း “ထပ်မံစစ်ရေးအသွင်ဖော်ဆောင်မှု” လုပ်ဆောင်ချက်များသည် အိမ်နီးချင်းနိုင်ငံများ၏ သတိပြုမှုနှင့် ကန့်ကွက်မှု ခံရကာ ပိုမိုများပြားသော ဂျပန်နိုင်ငံရေးအဓိကပုဂ္ဂိုလ်များနှင့် ပြည်သူများက ဆန့်ကျင်သည်ကို ထုတ်ဖော်ပြောကြားလာကြောင်း ပြောကြားခဲ့သည်။
“သမိုင်းမှာ နိုင်ငံရေးပုဂ္ဂိုလ်က ပြည်ပအန္တရာယ်ကို လှုံ့ဆော်မှုကြောင့် ပြည်သူများစိတ်ဓာတ်တက်ကြွလာပြီး ထိန်းချုပ်မှုမဲ့ကာ ‘သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ’ အစစ်အမှန်အဖြစ် ဆင့်ကဲဖြစ်ပေါ်သွားတဲ့ ဥပမာတွေ အများကြီးရှိပါတယ်။ ရလဒ်ကတော့ ပြည်သူတွေပဲ အကြီးမားဆုံး နစ်နာမှု ပေးဆပ်ခဲ့ရတာပါ” ဟု ဝါရင့်လွှတ်တော်အမတ်က ဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
လတ်တလောရက်ပိုင်းတွင် လွှတ်တော်အမတ်က လွှတ်တော်တွင် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိထံ မေးခွန်းထုတ်၍ “ကလေးတွေကို စစ်မြေပြင်ပေါ် လုံးဝပို့လို့မရဘူး၊ ကလေးတွေ စစ်ပွဲထဲမှာ ပါဝင်လာအောင် လုံးဝလုပ်လို့မရဘူး” ဟု တိုက်တွန်းခဲ့ကြောင်း၊ ဂျပန် မူရာယာမ ပြောကြားချက် (Murayama Statement) အား လက်ဆင့်ကမ်းခြင်းနှင့် မြှင့်တင်ခြင်းအသင်း အတွင်းရေးမှူးချုပ် တာကာကာဂဲ ဖူဂျီတာ့က “ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ ပြောဆိုချက်က ဂျပန်နိုင်ငံကို လက်နက်အင်အား ကြိုတင်အသုံးပြုတဲ့ အန္တရာယ်များတဲ့လမ်းကြောင်းပေါ် ထပ်မံတွန်းပို့လိုက်တယ်”၊ “ဘယ်နိုင်ငံရေးအင်အားမဆို နိုင်ငံတော်ကို စစ်ပွဲချောက်နက်ကြီးထဲ ထပ်မံတွန်းပို့တာကို ဂျပန်နိုင်ငံက လုံးဝခွင့်ပြုလို့မရပါဘူး” ဟု ဆိုခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ လုပ်ဆောင်ချက်သည် ဂျပန်အား စစ်ဝါဒခေတ် ဖက်ဆစ်လမ်းကြောင်းသို့ မပို့ဆောင်နိုင်ဟု အာမခံ၍ မရနိုင်ကြောင်း အချို့ဂျပန်မီဒီယာများက ဝေဖန်ယူဆကြသည်ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က ဂျပန်ပြည်သူတွေရရှိခဲ့တာက ‘စစ်ပွဲအောင် နိုင်တယ်’ ဆိုတဲ့ အနှစ်မရှိတဲ့ ကတိတစ်ခုသာဖြစ်ပြီး လုံးဝရှုံးနိမ့်မှုဆိုတဲ့ ကြေကွဲဖွယ်တန်ဖိုးကို ပေးဆပ်ခဲ့ရပါတယ်” ဟု ကောကျားခွန်းက ဆိုသည်။စစ်ဝါဒလမ်းဟောင်း ပြန်လည်လျှောက်လှမ်းခြင်းသည် လမ်းမှားဖြစ်သလို အဆုံးသတ်လမ်းသာဖြစ်မည်ဟု သမိုင်းနှင့်ဖြစ်ရပ်မှန်က သက်သေထူထားပြီးဖြစ်ကြောင်း၊ စစ်ဝါဒနှင့် ဆက်နွှယ်မှု လုံးဝဖြတ်တောက်ခြင်း၊ စိတ်ရင်းအမှန်ဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်သောလမ်းကြောင်း လျှောက်လှမ်းခြင်းသည် ဂျပန်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာရှတိုက် အိမ်နီးချင်းနိုင်ငံများ၏ ယုံကြည်မှုနှင့် နားလည်မှုရရှိရန် အရေးကြီးလိုအပ်ချက်ဖြစ်သလို ဂျပန်ပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့်ကိုက်ညီသော မှန်ကန်သည့်ရွေးချယ်မှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#China #Japan #Militarism #တရုတ် #ဂျပန် #စစ်ဝါဒ
————————————————————————————–
(Chinese Version)
外交部:与军国主义彻底切割,是日本获得国际社会特别是亚洲近邻信任与理解的重要前提
新华社北京12月19日电(记者董雪、孙楠)外交部发言人郭嘉昆19日表示,历史和现实证明,重走军国主义是邪路,也注定是一条死路。与军国主义彻底切割,真心走和平发展道路,是日本获得国际社会特别是亚洲近邻信任与理解的重要前提,也是符合日本人民根本利益的正确选择。
当日例行记者会上,有记者问:我们注意到,近期日本政界、学界、民间组织和市民团体对高市早苗首相涉台错误言行,以及日本政府接二连三释放强军扩武的危险信号提出严厉批评,要求日本政府撤回高市首相错误言论。发言人对此有何评论?
郭嘉昆表示,我们注意到有关情况。高市早苗首相11月7日涉台错误言论和日方近期“再军事化”的系列动作,引起周边国家警惕和反对,有越来越多的日本政要和民众发声说“不”。有资深议员表示,“历史上,政客煽动外部危机,导致民众群情激奋、失控演变成真正‘存亡危机事态’的例子数不胜数。结果是人民付出巨大牺牲。”
郭嘉昆说,近日,有国会议员在国会向高市首相提出质询,呼吁“绝不能把孩子送到战场,绝不能让孩子卷入战争”。日本“继承和发展村山谈话会”理事长藤田高景表示,“高市首相的言论,把日本再次引向先行使用武力的危险道路”,“日本不能允许任何政治力量将国家再次推向战争深渊”。有日本媒体评论认为,高市首相的做法难保不会令日本重走军国主义时期的法西斯道路。
“80年前,日本人民得到的是一张‘战争能够胜利’的空头支票,背负的却是完全失败的惨痛代价。”郭嘉昆表示,历史和现实证明,重走军国主义是邪路,也注定是一条死路。与军国主义彻底切割,真心走和平发展道路,是日本获得国际社会特别是亚洲近邻信任与理解的重要前提,也是符合日本人民根本利益的正确选择。(完)
1、12月2日,日本前外务省官员孙崎享在东京举行的集会上发言。新华社记者 贾浩成 摄
2、11月28日,民众在日本东京的首相官邸外参加抗议活动。新华社记者 贾浩成 摄
