Politics, Law & Military
မွန်ပြည်နယ် မုဒုံမြို့တွင် ကာလတန်ဖိုးကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၀၂၅ ပြားဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် မုဒုံမြို့တွင် ကာလတန်ဖိုးကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၀၂၅ ပြားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ၁ရး၂၅နာရီ အချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်းရှိ Golden Hotel၊ အခန်း အမှတ်(၁၄)အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ကို— အား တွေ့ရှိရပြီး ၎င်းကိုင် ထားသည့် လက်ဆွဲအိတ်အတွင်းမှ တစ်ပြားလျှင် ကျပ် ၂၀၀၀ နှင့်တွက်ပါက ကျပ်သိန်း ၄,၁၈၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၀၂၅ ပြား၊ လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေ ၂၀,၀၀၀ ကျပ်နှင့် ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်းရမိပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများကို ၎င်းအားစိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင်ခိုင်းသူ ကို— လည်းအဆိုပါဟိုတယ်၌ ပင် လက်ကိုင်ဖုန်းနှစ်လုံး၊ မြန်မာငွေ ၁၁၄,၆၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၂ဦး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)