Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရှိ တိုင်းဒေသကြီး ဝန်ကြီးဌာန ၂ ခုအား ပြင်ဆင် ဖွဲ့စည်း

နိုင်ငံတော် သမ္မတရုံး၏ အမိန့် ကြော်ငြာစာ အမှတ် ၉၁/၂၀၁၈ အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက် အရ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရှိ တိုင်းဒေသကြီး ဝန်ကြီးဌာန ၂ ခုအား ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၉၁/၂၀၁၈ အား ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းရာတွင် မူလ ဝန်ကြီးဌာန ဖြစ်သည့် စည်ပင်သာယာရေး နှင့် လူမှုရေး ဝန်ကြီးဌာန အား လူမှုရေး ဝန်ကြီးဌာန အဖြစ်သို့လည်းကောင်း ၊ သယံဇာတ ၊ သစ်တော နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အား သယံဇာတ ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန အဖြစ်သို့လည်းကောင်း ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၄၄/၂၀၁၈ အား တွေ့ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ထို့အတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးများကို လူမှုရေး ဝန်ကြီးဌာနတွင် ဒေါ်ညွှန့်ညွှန့်ဌေး အား လည်းကောင်း ၊ သယံဇာတ ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနတွင် ဒေါက်တာ စောညိုဝင်း အားလည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၄၄/၂၀၁၈ ဖြင့် ထုတ်ပြန်ခဲ့သည်။(Xinhua)